ညောင်ရွှေ
ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်
ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ် စံပယ်ရာ ဂန္ဓကုဋီ
ကျောင်းတော်တွင် ရွှေကြာမျက်နှာကျက်တော် ဆက်ကပ်လှူဒါန်းခြင်း ရေစက်ချ အလှူမင်္ဂလာ အခမ်းအနားကို
ယနေ့နံနက် ၈နာရီတွင် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား စံကျောင်းတော်၌ ကျင်းပသည်။
ရှေးဦးစွာ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နှင့် တာဝန်ရှိသူများက
ဂန္ဓကုဋီကျောင်းတော်တွင် လှူဒါန်းတပ်ဆင်ထားသည့် ရွှေကြာမျက်နှာကျက်တော် မင်္ဂလာလိုက်ကာကို
ဖွင့်လှစ် ပူဇော်ကြသည်။
ထို့နောက်
နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ဝင် ညောင်ရွှေမြို့မိုင်းသောက် ပထမ ပရိယတ္တိစာသင်တိုက်
ပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တ သုမင်္ဂလာ ဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ
ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်တို့က မေတ္တာသုတ်နှင့် ပရိတ်တရားတော်များကို
ရွတ်ပွား သရဇ္ဈာယ်ချီးမြှင့်ကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုများ
ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က သာသနာရေးဆိုင်ရာ ကိစ္စများ လျှောက်ထားပြီး မိုင်းသောက်ပထမ
ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူကြ၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။
စိုင်းအယ်ဘဲ(ညောင်ရွှေ)

No comments:
Post a Comment