Saturday, January 12, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနကို ကြည့်ရှုစစ်ဆေး


စစ်ကိုင်း ဇန်နဝါရီ ၁၂
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ ညနေ ၅ နာရီတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန ( Community Centre) ကို  ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် လူထုအခြေပြု ဗဟိုဌာန အတွင်းရှိ ပြည်သူ့စာကြည့်တိုက်နှင့် ပြတိုက်ငယ် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ကလေးစာဖတ်ခန်းအတွင်း ဆေးရောင်ခြယ်နေကြသည့် ကလေးငယ် များအား ကြည့်ရှု အားပေးပြီး ကစားစရာအရုပ်များ ပေးအပ်ခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment