KG+Grade 12 က ပညာသင်နှစ်အလိုက်
ပြဋ္ဌာန်းထားမယ့် သင်ရိုးညွှန်းတမ်း စာအုပ်တွေနဲ့ ဆရာလမ်းညွှန် စာအုပ်တွေ အချိန်မီပြီးစီးဖို့ကို
ဆရာကြီး ဆရာမကြီးများက နေ့စဉ်ရက်ဆက် စိစစ်တည်းဖြတ် ဆောင်ရွက်နေပါတယ်
(အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်ဆွေ)
(အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်ဆွေ)
အမျိုးသားပညာရေးမူဝါဒကော်မရှင်၏
ဆောင်ရွက်နေမှုများ ပညာရေးစကားဝိုင်း အပိုင်း(၂)ကို မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတွင်
ရိုက်ကူးထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌ
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာ မျိုးကြွယ်၊ အမျိုးသားပညာရေး
အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီ ဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
ဆေးသိပ္ပံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာ မောင်မောင်ဝင့်၊ အမျိုးသား
သင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌ မြိတ်တက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာမြင့်ဆွေ၊
အမျိုးသားပညာရေး မူဝါဒကော်မရှင်အဖွဲ့ဝင် ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခ/ဌာနမှူး
(ငြိမ်း) ဒေါက်တာ ခင်မာရီတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်-
ယမန်နေ့မှ အဆက်
အစီအစဉ်မှူး။ ။ အမျိုးသားပညာရေးနဲ့
ပတ်သက်တဲ့ ဥပဒေရေးရာ အနေအထား တွေကိုလည်း ရှင်းပြပေးစေချင်ပါတယ်။
ဒေါက်တာခင်မာရီ။ ။
နိုင်ငံတစ်နိုင်ငံမှာ ပညာရေးတိုးတက်ဖို့ကအရေးကြီး ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့နိုင်ငံရဲ့
ဖွဲ့စည်း ပုံအခြေခံဥပဒေ ၂၀၀၈ မှာလည်းပဲ ရေးထားပါတယ်။ ပုဒ်မ (၂၈)မှာပဲ နိုင်ငံတော်သည်
ပညာရေးနဲ့ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလေးထား ဆောင်ရွက်ရမည်ဆိုပြီး နိုင်ငံတော်ရဲ့
အခြေခံ မူတစ်ရပ်အနေနဲ့ ထည့်ထားပါတယ်။ အခြေခံ မူတစ်ရပ်အနေနဲ့ နိုင်ငံတော်ဟာ ပညာရေး တိုးတက်အောင်လုပ်တဲ့နေရာမှာ
အဲဒီပုဒ်မ (၂၈) မှပဲ ဆက်ရေး ထားသေးတယ်။ ပြည်သူတွေ ပါဝင်လာဖို့အတွက် ဥပဒေတွေပြဋ္ဌာန်းပြီးတော့
ဆောင်ရွက် ရမယ်လို့လည်း ပါပါတယ်။ အဲဒီတော့ ကျွန်မက ရှိနေတဲ့ အနေအထားတွေကို တိုးတက်အောင်
လုပ်ချင်ပါတယ်။ အသစ်အသစ် ပြောင်းလဲတာမျိုးကို ကျွန်မသိပ်ပြီးတော့ မဖြစ်ချင်ပါဘူး။
မူဝါဒတွေနဲ့အညီ ဥပဒေလိုလာ
ဒါပေမယ့် တကယ်လက်တွေ့
ကျွန်မ လေ့လာကြည့်လိုက်တဲ့ အခါမှာ၊ ဥပမာ အခြေခံပညာရေး ဆိုရင် ကျွန်မတို့ ၁၀ တန်းအထိ
တက်ခဲ့ရတယ်။ နိုင်ငံတကာမှာက Schooling Years က ၁၂ တန်း ထားကြပါတယ်။ ကျွန်မ စုံစမ်းကြည့်
လိုက်တော့ အခြေခံပညာရေးက ဆရာတွေက ပြောတယ်။ သူများနိုင်ငံတွေမှာ ဒီအာဆီယံမှာတောင်
Schooling Years 12 Years လုပ်တာ ကျွန်မတို့က နောက်ဆုံးပါပဲတဲ့။ ကျန်တဲ့နိုင်ငံတွေက
အကုန်လုပ်ပြီးပါပြီတဲ့။ ကမ္ဘာမှာဆိုရင်လည်း တော်တော် လေး ဖွံ့ ဖြိုးမှုနည်းတဲ့ နိုင်ငံနှစ်နိုင်ငံ
သုံးနိုင်ငံလောက်ပဲ Schooling Years က 12 Years မဟုတ်တာပါပဲ၊ ကျန်တာက 12 Years ဆိုတော့
ဒါပြောင်းကိုပြောင်းရတော့မယ်။ ကျွန်မတို့ အနေအထားက ပြောင်းကိုပြောင်းရတော့မယ် ဆိုရင်
မူဝါဒတွေနဲ့အညီ ဥပဒေလိုလာပြီ။ နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း ပြောထားတယ်။
တကယ်လည်း စနစ်တစ်ခု ပြောင်းတယ်ဆိုရင် ဥပဒေကလိုတယ်။ ဘာလို့လဲ ဆိုတော့ အရင်ဆုံးကတော့
ဘယ်အလုပ်မဆို မူအရင်ချရ တယ်။ အဲဒီမူဝါဒနဲ့ လိုက်လျောညီထွေပြီး မလုပ်မနေရ လုပ်ဖြစ်အောင်
စနစ်တကျ တိတိကျကျလုပ်နိုင် အောင်လို့ ဥပဒေတွေ ရေးဆွဲရပါတယ်။ ဒါကြောင့်မို့လို့ အခြေခံပညာ
ရေးဥပဒေတွေက လိုလာတာပါ၊ လိုလာတဲ့ အခါကျတော့ ဥပဒေပညာရှင်တွေက ဆွဲကြပါတယ်။ အဲဒါကို ကျွန်မတို့
အမျိုးသားပညာရေး မူဝါဒကော်မရှင်က အဖွဲ့ဝင်လူကြီးတွေက အမြဲတမ်းပဲ လေ့လာဆန်းစစ်ပြီးတော့
လိုအပ်တဲ့ အကြံဉာဏ် တွေ ပေးပါတယ်။ အဲဒီတော့ အခြေခံ ပညာရေးဥပဒေရော နောက် Private
Education ပါ။ ခုခေတ်မှာမှ Private Education ကို ပိုပြီးတော့ အလေးထား စဉ်းစားပြီးတော့
ကျွန်မတို့က မူဝါဒတွေ ချရမယ်။ ဥပဒေတွေ ရေးဆွဲရမယ်။
အကြံပြုချက်တွေပေးရ
ဥပဒေမူကြမ်းတွေကတော့
လွှတ်တော် ရောက်ပါပြီ။ နောက် TVET ပါ။ ဥပဒေတွေ ရေးဆွဲပြီးရင် ကျွန်မတို့ အမျိုးသား ပညာရေးမူဝါဒကော်မရှင်က
အဖွဲ့ဝင်တွေက စဉ်းစားပေးပါတယ်။ ဒီခေတ်နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ Proficiency တိကျဖို့၊
မှန်ကန်ဖို့။ အဲဒါ တွေအတွက် အလေးထား စဉ်းစားပြီး တော့ အကြံတွေ ပြုချင်ပါတယ်။ နောက်ပြီးတော့
ကျွန်မ တို့ ပညာရေးဝန်ကြီးဌာနရဲ့ ဦးစီးဌာနတွေက ရေးဆွဲရတဲ့သူတွေမှာ တာဝန်ရှိတဲ့ ဒီဥပဒေတွေ
ဥပမာ - IP Law (Intellectual Properties Law) အသိဉာဏ်ဆိုင်ရာ ပစ္စည်းနဲ့ဆိုင်တဲ့ အဲဒီမူပိုင်ခွင့်ဥပဒေပါ။
စာပေနဲ့ အနုပညာ မူပိုင်ခွင့် အစရှိတဲ့ ဥပဒေတွေကလည်း ပညာရေးဝန်ကြီးဌာန အောက်မှာရေးဆွဲနေတဲ့
ဥပဒေတွေဖြစ်တယ်။ ဒီဝန်ကြီးဌာနကနေ လွှတ်တော်ကို တင်တယ်ဆိုရင် ကျွန်မတို့ဆီကို ရောက်လာတော့
ကျွန်မတို့က စဉ်းစားပြီးတော့ အကြံပြုချက်တွေ ပေးရပါတယ်။ နောက် Higher Education
System က လည်း ဒီ National Education Law ၊ ၂၀၁၄ Law ၊ ၂၀၁၅ amending Law ရောဒီအမျိုးသားပညာရေးဥပဒေက
ပြောင်းပြီဆိုတော့ ခုနတုန်းက ရှိနေတဲ့ Higher Education Institutions တွေအတွက် လိုအပ်တဲ့
Charter လိုမျိုးတွေ၊ Charter ဆိုတာ ပဋိညာဉ်စာတမ်း လို့တော့ ဘာသာပြန်ကြ တယ်။ အဲဒီတော့
တက္ကသိုလ်အလိုက် Charter မျိုးတွေ ဒါတွေကို ကျွန်မတို့ အမျိုးသား ပညာရေးမူဝါဒက လူကြီးတွေ
က စဉ်းစားကြပါတယ်။ နောက်တခြားအလုပ်တွေ လည်း အများကြီးပဲ လုပ်ကြပါတယ်။ ဟိုအသက် ကြီးပိုင်းတွေ
အများစုပါတဲ့ မူဝါဒကော်မရှင်ဟာ အသက်ကြီးသော်လည်း တကယ်ကို ကြိုးစား အားထုတ်ပြီးတော့
အမြဲတမ်းလို စဉ်းစားတွေးခေါ် အကြံပြုနေကြပါတယ်။ အဲဒါလေး ပြောချင်ပါတယ်။
အစီအစဉ်မှူး။ ။ အမျိုးသား
ပညာရေးမူဝါဒ ကော်မရှင်နဲ့ ကော်မရှင်က ဖွဲ့စည်းပေးထားတဲ့ ကော်မတီတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုအပိုင်းကိုလည်း
သိချင်ပါတယ်။
ဒေါက်တာမျိုးကြွယ်။
။ အမျိုးသား ပညာရေး မူဝါဒကော်မရှင်အနေနဲ့ ပညာရေးမူဝါဒတွေကို လိုအပ်သလို ချမှတ်ပေးရ
ပါတယ်။ အဲဒီလို ချမှတ်ရာမှာ သင်ရိုးညွှန်းတမ်း ကိစ္စရပ်တွေနဲ့ ပညာအရည်အသွေးဆိုင်ရာ ကိစ္စရပ်တွေနဲ့
ပတ်သက်ပြီး သက်ဆိုင်ရာ ကော်မတီတွေရဲ့ အကြံပြုချက်ရယူပြီးတော့ အမျိုးသား ပညာရေးမူဝါဒကော်မရှင်က
ကျင်းပပြုလုပ်တဲ့ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲ (Consultation Meeting) တွေမှာ သက်ဆိုင်ရာကော်မတီ
အဖွဲ့ဝင်တွေကို ဖိတ်ကြားခြင်း၊ ညှိနှိုင်းဆွေးနွေးပွဲတွေ ကျင်းပပြီး ပညာရေးလုပ်ငန်းများ
ဆောင်ရွက် နေတဲ့ ပညာရေးဝန်ကြီးဌာနအပါအဝင်အခြား သော ဝန်ကြီးဌာန များနဲ့ အဖွဲ့အစည်းတွေအတွက်
အကြံပြုချက်တွေ ပေးပို့ရတာ မူဝါဒတွေ ချမှတ်ပေး ရာမှာလည်း ကော်မရှင်နဲ့ ကော်မတီတွေရဲ့
လုပ်ငန်း တာဝန်တွေကို အခြေခံပြီး သက်ဆိုင်ရာ Stakeholder တွေရဲ့ အဖွဲ့အစည်းတွေကို အကြံပြုပေးတာတွေ
စသဖြင့် ကော်မရှင်နဲ့ ကော်မတီတွေ ပူးပေါင်း ဆောင်ရွက်နေပါ တယ်။
အစီအစဉ်မှူး။ ။
NAQAC ရဲ့ ရှေ့ဆက် ဆောင်ရွက်မယ့် လုပ်ငန်းတွေ ကိုလည်း သိပါရစေရှင့်။
ဒေါက်တာမောင်မောင်ဝင့်။
။ ရှေ့ ဆောင်ရွက်ဖို့ လုပ်ငန်းတွေ ကတော့ ယခုလုပ်ကိုင်ဆဲ လုပ်ငန်းများကို ဆက်လက် တိုးမြှင့်လုပ်ဆောင်သွားဖို့၊
အခြေခံ ပညာရေးကဏ္ဍ၊ ပုဂ္ဂလိက ပညာရေးကဏ္ဍများနဲ့ နည်းပညာ သက်မွေး Technical Vocational ကဏ္ဍများအတွက်လည်း
လိုအပ် သည်များကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားဖို့၊ အခြေခံ ပညာမှာ Survey စတင်ဆောင်
ရွက်လျက်ရှိ ပါတယ်။ မိမိတို့ရဲ့ အဓိက Stakeholder များ ဖြစ်တဲ့ တက္ကသိုလ်၊ ကောလိပ်နဲ့ကျောင်း
များ အရည်အသွေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် Capacity Building အတွက် ကူညီပေးသည်
နှင့်အမျှ မိမိတို့ NAQAC ရဲ့ စွမ်းဆောင်ရည် ကိုလည်း အစဉ်တစိုက် တိုးမြှင့်ဆောင်ရွက်သွားရမှာ
ဖြစ်ပါတယ်။ နိဂုံးချုပ်ပြောချင်တာ တစ်ခုကတော့ NAQAC ရဲ့ အဓိကရည်ရွယ်ချက်ပါ။ ဒါကတော့
နိုင်ငံတွင်းမှာရှိတဲ့ ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များနဲ့ ပညာရေးနယ်ပယ်များမှာ
ပညာအရည် အသွေး တိုးတက်မြင့်မားလာဖို့၊ ဒီတိုးတက်လာတဲ့ ပညာအရည်အသွေးနဲ့ အဆင့် အတန်းကို
တစိုက် မတ်မတ် ထိန်းသိမ်းစောင့်ရှောက် ဖို့၊ မိမိတို့ ပညာအရည်အသွေးနဲ့ အဆင့်အတန်းကို
မိမိတို့ အာမခံနိုင်ဖို့ ဒီလိုရည်ရွယ်ချက်နဲ့လုပ်တဲ့ နေရာမှာ ကျွန်တော်တို့ NAQAC က
စံချိန် စံညွှန်းတွေ သတ်မှတ် ပေးတယ်။
ကူညီဆောင်ရွက်လျက်
လိုအပ်တဲ့ နည်းလမ်းတွေ
ချမှတ်ပေးတယ်။ ဒီလို ကျွန်တော်တို့က စစ်ဆေး အကဲဖြတ်ပေးခြင်း အားဖြင့် Quality တက်လာ
အောင် ကူညီ ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလို ဆောင်ရွက်တဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ အဓိက
ရည်ရွယ်ချက်က အရည်အသွေးပြည့်ဝတဲ့ ပညာရေးနဲ့ နိုင်ငံရဲ့ လူမှုစီးပွား တိုးတက်ဖြစ်ထွန်းရေးနဲ့
ဤမှသည် နိုင်ငံတကာအလယ်မှာ ကောင်းမွန်တဲ့ ပုံရိပ်နဲ့ ရပ်တည်နိုင်ရန် ဖော်ဆောင် ပေးဖို့
NAQAC အနေနဲ့ တာဝန်ယူ လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားလိုပါ တယ်။
အစီအစဉ်မှူး။ ။ အမျိုးသား
သင်ရိုးညွှန်းတမ်း ကော်မတီရဲ့ ရှေ့ဆက် ဆောင်ရွက်မယ့် လုပ်ငန်းတွေကိုလည်း ပြောပြ ပေးပါဦး။
ဒေါက်တာမြင့်ဆွေ။
။ အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီကတော့ သင်ရိုး ညွှန်းတမ်းနဲ့ဆိုင်တဲ့ ကျောင်းသုံးစာအုပ်နဲ့
ဆရာလမ်းညွှန်တွေကို အဓိက တည်းဖြတ်ပြင် ဆင်ပေးပါတယ်။ ဒါ့အပြင် ပညာရေးဝန်ကြီးဌာနနဲ့ အမျိုးသားပညာရေး
မူဝါဒကော်မရှင်ကနေ တာဝန်ပေးအပ်လာတဲ့အခါမှာ ပညာရေးဝန်ကြီး ဌာနကနေ တောင်းခံလာတဲ့ သဘောထား
မှတ်ချက်တွေရှိပါတယ်။ အဲဒီ NCC နဲ့ ဆိုင်တဲ့ သဘောထား မှတ်ချက်တွေက ဒုတိယ တော်တော် များများ
လုပ်ပေးရပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ သင်ရိုးညွှန်းတမ်းအသစ်ကို ဖော်ဆောင်တဲ့ အတွက်ကြောင့်
သင်ရိုးညွှန်းတမ်း ဖော်ဆောင်တဲ့ အခါမှာ ပြည်သူလူထုရဲ့ သဘောထားမှတ်ချက်ကို သိရှိအောင်
ကျွန်တော်တို့ အမျိုးသား သင်ရိုးညွှန်း တမ်းကော်မတီက ကွင်းဆင်းပြီးတော့ တိုင်းနဲ့ ပြည်နယ်
အချို့မှာ သူတို့ရဲသဘောထား မှတ်ချက်တွေလည်း မေးမြန်း ခဲ့ပါတယ်။ ဘာသာရပ်တွေ သင်ကြားရတာ
ဘာအခက်အခဲရှိသလဲ။ သင်ရိုး ညွှန်းတမ်း အသစ်ပေါ်မှာ ကြိုက်နှစ်သက်မှု ရှိမရှိ စသည်ဖြင့်
ဆရာ ဆရာမတွေကို မေးခွန်းတွေ မေးပါတယ်။
စိစစ်တည်းဖြတ်ဆောင်ရွက်
ကျောင်းသားမိဘတွေကို
မေးပါတယ်။ မေးပြီးတော့ ဒီသင်ရိုးညွှန်းတမ်းအပေါ်မှာကတော့ အားလုံးနှစ် သက်တဲ့ အနေအထားကို
အများကြီးတွေ့ပါတယ်။ ပြောင်းလဲမှုကို သဘောကျလို့ ဖြေကြတာလို့ တွေ့ရပါတယ်။ အဲဒါတွေက ကျွန်တော်တို့ရဲ့
ကော်မတီအတွက်လည်း အထောက်အကူပြုတယ်။ ပြန်ပြီးရေးသားတဲ့ သူတွေအတွက်လည်း ဒီကမေးမြန်း တဲ့
အချက်တွေက အထောက်အကူပေးနိုင်တာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ပညာရေးဝန်ကြီးဌာနက စီမံခန့်ခွဲမှု
လုပ်ဆောင်နေတဲ့အခါမှာ တကယ်လက်တွေ့ရတဲ့ လုပ်ဆောင်ချက်တွေကို ဖြေကြားတဲ့ အချက်တွေကို
ကြားသိရင် ပညာရေး ဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲရေးကို အထောက်အကူပြုနိုင်ဖို့ဆိုတဲ့ ရည်ရွည်ချက်တွေနဲ့
ကွင်းဆင်းလေ့လာခြင်း တွေ လည်း ဆောင်ရွက်နေပါတယ်။ အကြံဉာဏ်ပေးခဲ့ တာလည်း ရှိပါတယ်။ ရှေ့ဆက်ပြီးတော့
KG+Grade 12 က ပညာသင်နှစ်အလိုက် ပြဋ္ဌာန်းထားမယ့် စာအုပ်တွေကို အချိန်မီပြီးဖို့ အတွက်
သင်ရိုးညွှန်းတမ်းစာအုပ်တွေနဲ့ ဆရာ လမ်းညွှန်စာအုပ်တွေကို အချိန်မီ ပြီးစီးဖို့ကို ဆရာကြီး
ဆရာမကြီးများက နေ့စဉ်ရက်ဆက် စိစစ်တည်းဖြတ် ဆောင်ရွက်နေပါတယ်။ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့
လည်း ညှိနှိုင်းဆောင်ရွက် နေပါတယ်။
အစီအစဉ်မှူး။ ။ အမျိုးသားပညာရေးဥပဒေကို
အကောင်အထည်ဖော် ဆောင် ရွက်ရာမှာ လက်ငင်းဦးစားပေး ဆောင်ရွက်နေတဲ့ အကြောင်းအရာတွေကိုလည်း
အများပြည်သူသိ အောင် ရှင်းပြပေးပါဦးရှင့်။
ဒေါက်တာခင်မာရီ။ ။
အခုလက်ငင်းဆောင်ရွက် နေတာကတော့ Basic Education နဲ့ ပတ်သက်တဲ့ အခြေခံပညာရေး ဥပဒေပါ။
အခြေခံပညာရေးဥပဒေကို ခုလွှတ်တော် မှာဆွေးနွေးနေကြပါပြီ။ ကျွန်မတို့လည်း အကြံပြု ပြီးပါပြီ။
အဲဒီတော့ အဲဒီ အခြေခံပညာရေးဥပဒေရယ် နောက်ပြီးတော့ TVET Law ပါ။ အဲဒီတော့ နည်းပညာ၊ သက်မွေးနဲ့
ပတ်သက်တဲ့ ဥပဒေရယ်၊ နောက် ပုဂ္ဂလိကကျောင်းတွေနဲ့ ပတ်သက်တဲ့ ဥပဒေရယ် အဲဒါတွေ အကုန်လုံးက
ဒီအမျိုးသား ပညာရေးဥပဒေမှာ အသိအမှတ်ပြု ထားတဲ့ကျောင်းတွေ၊ ကျောင်းအမျိုးအစားတွေနဲ့
ပတ်သက်တဲ့ လိုအပ်တဲ့ဥပဒေ ပြဋ္ဌာန်းချက်တွေ လိုအပ်တဲ့ အတွက်ကြောင့် အသစ်တွေ ရေးဆွဲထားတာ
ဖြစ်ပါတယ်။ အဲဒီ အသစ်တွေရေးဆွဲထားတာ အတွက် တစ်ပြိုင်နက် အဆင်သင့် ဒီကျောင်းတွေ မှာ
adaptable ဖြစ်အောင် ဒီဥပဒေနဲ့အညီ စခန်းသွားနိုင်အောင် ကျွန်မတို့ စဉ်းစားတွေးခေါ် ပြီးတော့
အကြံတွေပြုပါတယ်။ ဒါက Law တွေပါ၊ နောက် Education Service ကို provide လုပ်နေတာက ကျွန်မတို့
ပညာရေးဝန်ကြီးဌာန တစ်ခုတည်းမဟုတ်ပါဘူး။ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း မျိုးစုံပါ။
MNU တို့၊ Maritime University တို့ စသဖြင့် အများကြီးပဲ။ ဘုန်းကြီး ကျောင်းပညာရေးလည်း
ရှိတာပဲ။ အဲဒီလိုမျိုး ပညာရေးတွေ အကုန်လုံး အတွက်လည်း ကျွန်မတို့ ပညာရေးမူဝါဒကော်မရှင်က
Concern ဖြစ်ပါတယ်။ ရေနဲ့ဆည်မြောင်း မျိုးစုံပါ။ အဲဒီကနေ အကြံပြုချက်တွေ တောင်းလာလို့ရှိရင်လည်း
ကျွန်မတို့ ပေးပါတယ်။ အခုလက်ငင်းကတော့ အဲဒီ Charter ပဋိညာဉ်စာတမ်းကို တက္ကသိုလ် အလိုက်
Autonomy ပေးမယ်။ Autonomy ပေးမယ်ဆိုတာကလည်း ကျွန်မတို့ ဒါအမျိုးသား ပညာရေးဥပဒေအရ ပေါ်ပေါက်လာတဲ့ဟာပါ။
Autonomy က ကျွန်မတို့ရဲ့တိုင်းပြည်မှာ နည်းနည်းတော့ အသစ်သဘောမျိုးရှိတယ်။
Financial Autonomy တို့၊ Academic Autonomyတို့ ဒါပေမယ့် Academic Autonomy ကတော့
တော်တော်များများ ရခဲ့ပါတယ်။
ရခဲ့ပေမယ့်လည်း ဒါက
Special Provision အနေနဲ့ ပါလာပြီဆိုတော့ ကျွန်မတို့ ဒါအတွက လိုအပ်တဲ့ အနေအထားတွေ၊
လိုအပ်တဲ့ သတ်မှတ် ချက်တွေ၊ စည်းမျဉ်းတွေ၊ အကြံပြုစာတွေ၊ အကြံပြု ချက်တွေ၊ သဘောထား
မှတ်ချက်တွေ ဒါမျိုးတွေကို ကျွန်မတို့ အမြဲတမ်း စဉ်းစားနေရပါတယ်။ Law နဲ့ ပတ်သက်ပြီး
တော့ပါ၊ အဲဒါတွေအပြင် ကျွန်မ ပြောချင်တာကတော့ ကိစ္စအများကြီးက စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေ
လိုမယ်။ ဥပဒေတွေလိုမယ် စနစ်က ပြောင်းသွားတာကိုး။ စနစ်က ပြောင်းလဲတဲ့ အတွက်ကြောင့် လိုအပ်လာ
တဲ့ ဒီဥပဒေတွေ ရေးဆွဲတာတွေကို ဒီပညာရေး မူဝါဒကော်မရှင်အ ဖွဲ့ဝင်တွေရယ်၊ ကော်မတီ (၃)ရပ်က
အဖွဲ့ဝင်တွေရယ် အကုန်လုံးကြိုးစား ပမ်းစားဆောင်ရွက်ပြီးတော့ ဒီပညာရေးရဲ့ အဓိပွာယ်ဖြစ်တဲ့
ဘက်စုံ၊ အယူအဆ၊ အတွေးအခေါ် မှန်ကန်ပြီးတော့ အကျင့်စာရိတ္တ ကောင်းတဲ့ နိုင်ငံတော်အတွက်
အကျိုးရှိမယ့် ခေတ်မီပညာရေး စနစ် တည်ဆောက်ဖို့အတွက် ဒီလူတွေက အကုန်လုံး ဝိုင်းဝန်းပြီးတော့
ကြိုးစားအားထုတ် နေပါတယ်လို့ ပြောချင်ပါတယ်။
အစီအစဉ်မှူး။ ။ အမျိုးသား
ပညာရေးမူဝါဒ ကော်မရှင်ရဲ့ ရှေ့ဆက် ဆောင်ရွက်မယ့် လုပ်ငန်းအစီအစဉ်တွေကို နိဂုံးချုပ်
အနေနဲ့ ပြောပြပေးစေလိုပါတယ်။
ဒေါက်တာမျိုးကြွယ်။
။ ကျွန်တော်တို့ အမျိုးသား ပညာရေးမူဝါဒကော်မရှင် National Education Policy Commission(NEPC)
က Autonomy ၊ Transfers System ၊ Promotion လိုဟာမျိုး၊ Promotion System လိုမျိုးတွေမှာ
ဒါတွေကို အကြံပြုပေးတာပါ။ သုတေသနကို ဇောင်းပေးနေတဲ့ တက္ကသိုလ် တွေ ရှိတယ်။ ကျွန်တော်တို့ကတော့
တိုင်းပြည်အတွက် လိုအပ်ချက်ကို အကြံပြုမှာ ဖြစ်ပါတယ်။ ဒါကြောင်မို့ ဘုန်းတော်ကြီးသင်
ပညာရေး vocational စသည်ဖြင့် နိုင်ငံတကာနဲ့ ပတ်သက်တဲ့ Development Partner နိုင်ငံတကာ
အဖွဲ့အစည်းတွေနဲ့တွေ့ ပြီးတော့ သူတို့ရဲ့ အကြံဉာဏ်တွေ ရယူပြီး တိုင်းပြည် အတွက် လုပ်နေပါတယ်။
ကော်မရှင်က ဆရာကြီး၊ ဆရာမကြီးတွေနဲ့ အများကြီး ဖွဲ့စည်းထားပါတယ် ။ အတွေ့အကြုံက အများကြီး
ရှိတဲ့အတွက် ကျွန်တော်တို့ ကော်မတီတွေ တချို့က NEPC ဘာလုပ်နေလဲ၊ NCC ဘာလုပ်နေလဲ မေးကြပါတယ်။
မေးတဲ့အခါမှာ ကျွန်တော်တို့က အခုလို သတင်းစာ ကရော၊ Television ကရော၊ လွှတ်တော်ကရော ကျွန်တော်တို့
လုပ်ငန်းတွေကို စဉ်ဆက်မပြတ်သိအောင် ပြောသွားပါ မယ်။ကျေးဇူးတင်ပါတယ်။ ။
No comments:
Post a Comment