နေပြည်တော် ဇန်နဝါရီ ၇
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးအောင်ထူးသည် ယနေ့တွင် Ministry of Economy, Trade and Industry
(METI) of Japan မှ Trade and Economic Cooperation Bureau ၏ Director General Mr.
Masaki Ishikawa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် The American Chamber of
Commerce in Myanmar ၏ Executive Director Ms. Zara Dang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ သီးခြား စီတွေ့ဆုံသည်။
Ministry of
Economy, Trade and Industry (METI) of Japan မှ Trade and Economic Cooperation
Bureau ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် သီလဝါ အထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှုများ
ပိုမိုဝင်ရောက် လာစေရေးအတွက် အဓိက လိုအပ်ချက်ဖြစ်သော အခြေခံ အဆောက်အအုံများ ဖွံ့ ဖြိုးတိုးတက်ရေး၊
စက်မှုဇုန်အတွင်း လုပ်ကိုင်နေသော ကုမ္ပဏီများတွင် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ မှ ကျောင်းသားကျောင်းသူများအတွက်
အလုပ်သင်သင်တန်းများ၊ သက်မွေးပညာသင်တန်းများ ပံ့ပိုးပေး သွားရေး၊ မြန်မာထိုင်း-ဂျပန်နိုင်ငံတို့
ပူးပေါင်းဆောင်ရွက်မည့် ထားဝယ်အထူး စီးပွားရေးဇုန်ဆောလျင်စွာ ဆောင်ရွက်သွားနိုင်ရေးနှင့်
ဇန်နဝါရီလအတွင်း နေပြည်တော်တွင် ကျင်းပမည့် Invest Myanmar Summit သို့ ဂျပန်စီးပွားရေး
လုပ်ငန်းရှင်များ တက်ရောက်ရေးတို့ကို ဆွေးနွေးကြသည်။
The American
Chamber of Commerce in Myanmar မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် စားသုံးသူ ပြည်သူများ
အား အကာအကွယ်ပေးရေးမှာ အဓိက ဦးစားပေးလုပ်ငန်းစဉ်တစ်ခု ဖြစ်သည့်အားလျော်စွာ ပြည်သူများသုံးစွဲမည့်
ကုန်ပစ္စည်းများ ဘေးကင်းလုံခြုံစိတ်ချရစေရေးအတွက် ကုန်စည်များတွင် သုံးစွဲပုံနှင့် ပတ်သက်သော
သတင်း အချက်အလက်များနှင့် ညွှန်ကြားချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်
အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြသွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
သတင်းစဉ်

No comments:
Post a Comment