Friday, January 18, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်တွင် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ ဆွေးနွေး


နေပြည်တော် ဇန်နဝါရီ ၁၈
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး ယာယီတာဝန်ခံ Mr. Narong Boonsatheanwong က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန မေခလာခန်းမ၌ လာရောက် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ထိုင်းနိုင်ငံအစိုးရက မြန်မာနိုင်ငံအတွင်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး အတွက် ကူညီ ထောက်ပံ့နေသည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တွင် Learning Centre (၂)ခု ဖွင့်လှစ်ရေးနှင့် အစိုးရ ၀န်ထမ်းများအား ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ဘွဲ့လွန်နှင့် လုပ်ငန်းခွင်ဆိုင်ရာ ပညာ ဆက်လက် သင်ကြားရန် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကိစ္စရပ်များ၊ UEHRD ၏ Private Public Partnership ပုံစံဖြင့် ဆောင်ရွက်ချက်များ၊ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် Cash for work အစီအစဉ် ဆောင်ရွက်ထားရှိမှု၊ ထိုင်းနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူရမည်ဖြစ်ရာ ရခိုင်ပြည်နယ် အရေးကိစ္စအပေါ် ပိုမိုသိရှိ နားလည်ရန်နှင့် မြန်မာနိုင်ငံနှင့် မိတ်ဆွေနိုင်ငံအဖြစ် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေး၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် လူသားချင်းစာ နာကူညီမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးမှူးရုံး (AHA Centre) နှင့် ဝန်ကြီးဌာနတို့ ပူးပေါင်း၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အတွက် ဆောင်ရွက်နေသည့် အစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment