Tuesday, November 20, 2018

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် Parami Energy Service Co.,Ltd မှ ဒါရိုက်တာဦးပြည့်ဝထွန်း နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ နိုဝင်ဘာ ၂၀
ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် Parami Energy Service Co.,Ltd မှ ဒါရိုက်တာဦးပြည့်ဝထွန်း နှင့်အဖွဲ့အား
ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင် အမှတ်(I-8)၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် လျှပ်စစ်ဓါတ်အားသုံးစွဲမှုအစားအိမ်တွင်းသုံးLPG ဓါတ်ငွေ့ရည်ဖြင့် အသုံးပြုနိုင်ရေးနှင့်စပ်လျဉ်း၍ LPG ဓါတ်ငွေ့ရည် တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ပတ်သက်သည့် ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသော အခက်အခဲများအားတင်ပြ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment