မန္တလေး နိုဝင်ဘာ ၉
Mandalay Investment and Development Group Limited. ( MIDG) , New
Starlight Group of Companies က ဆောက်လုပ်ပြီးစီးခဲ့သည့် Mandalay
Convention Centre ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မန္တလေးမြို့
ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းတောင်ဘက်ရှိ အဆိုပါအဆောက်အဦသစ် မျက်နှာ စာ၌
ကျင်းပရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စု
အစိုးရ အဖွဲ့ရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း
တက်ရောက်သည်။
ရှေးဦးစွာ Mandalay Convention Centre ကို New Starlight Group of Companies ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူး၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုကော်မရှင်၏ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ် ခိုင်နှင့် New Starlight Group of Companies ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း တို့က Mandalay Convention Centre ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တို့က Mandalay Convention Centre ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် နိုဝင်ဘာ ၁၁ ရက်အထိ ကျင်းပမည့် Mandalay Business Forum 2018 Trade Fair တွင် ဖွင့်လှစ်ပြသထားသည့် ဆိုင်ခန်းများကို ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ဒုတိယ၀န်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ New Starlight Group of Companies တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များက လှည့်လည်ကြည့်ရူ ကြသည်။
တင်မောင်၊ မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:
Post a Comment