Friday, November 9, 2018

(၁၆)ကြိမ်မြောက် မြန်မာ-ထိုင်းနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး နှစ်ပတ်လည်ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော် နိုဝင်ဘာ ၉
(၁၆)ကြိမ်မြောက် မြန်မာ-ထိုင်းနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး နှစ်ပတ်လည်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးချမ်းအေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီမှ ညွှန်ကြားရေးမှူးချုပ် မစ္စဆူဖတ်ထရာ ဆရီမိုင်းသရီဖိတပ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တို့တက်ရောက်ကြ သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား နည်းပညာပူးပေါင်း ဆောင်ရွက်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ဆောင်ရွက် ပြီးစီးခဲ့သည့် စီမံကိန်းများ၊ အကောင်အထည် ဖော်ဆဲစီမံကိန်းများနှင့် ပတ်သက်၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment