Friday, November 9, 2018

မောင်တောမြို့၌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် တင်ဒါဖွင့်ပွဲ အခမ်းအနား ကျင်းပ




မောင်တော နိုဝင်ဘာ ၉
မောင်တောမြို့၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ တင်ဒါဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီ အချိန် ခန့်က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မောင်တောခရိုင် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင် မှ အဖွင့်အမှာစကား ပြောကြားပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းကျော်က တင်ဒါယူသူများအနေဖြင့်လုပ်ငန်းအရည်အသွေး ကျွမ်းကျင်ပိုင်နိုင်ရေး၊ လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အမီ ဆောင်ရွက်ပေးရေးမှာကြားခဲ့သည်။ ထို့နောက် မောင်တောခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းလှိုင်က လေလံ စည်းကမ်းချက်များကို ဖတ်ကြား ရှင်းလင်း ပြောကြားသည်။
တင်ဒါခေါ်ယူရေး ကော်မတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ အသီးသီး တက်ရောက်ပြီး တင်ဒါတင်သွင်းသည့် ကုမ္ပဏီ (၁၄) ခု ရှိကြောင်း သိရ သည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment