နေပြည်တော်၊
ဇူလိုင် - ၁၃
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်
ဌာနချုပ် တိုင်းမှူး တို့နှင့်အတူ နေပြည်တော်ရှိ ခုတင်(၁၀၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် တက်ရောက် ကုသလျက် ရှိသော
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစုပင်လုံတတိယအစည်းအဝေး တက်ရောက် လျက်ရှိသည့်
UWSA(ဝ) အဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးပေါက်ယူယိ နှင့် ပြင်ပဆက်ဆံရေး ဌာနကြီးမှူး
ဦးကျောက်ကော်အမ်း တို့အား ယနေ့ မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှု အားပေးစကားပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
ရောဂါဖြစ်ပွားမှု အခြေအနေများနှင့် ဆေးဝါးကုသမှု အခြေ အနေများကို မေးမြန်းရာ
နှလုံးရောဂါ အထူးကု ပါရဂူကြီးများက ရှင်းလင်းပြောကြားကြသည်။ ထို့နောက် တပ်မတော်
ကာကွယ်ရေးဦးစီးချုပ်က တစ်ဦးချင်း ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားပြီး
အားဖြည့် ငှက်သိုက်ရည်များနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment