နေပြည်တော် ဇူလိုင် ၁၂
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်
(UNDP) ၏ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာဗျူရို၏ ညွှန်ကြားရေးမှူး၊
ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Mr. Haoliang Xu အား ယနေ့ နံနက် ၉ နာရီခွဲတွင်လည်းကောင်း၊
အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာနေထိုင်သူများအဖွဲ့ (IOM) ၏ ညွှန်ကြားရေးမှူးချုပ်
Mr. William Lacy Swing အား နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌
သီးခြားစီ လက်ခံတွေ့ဆုံသည်။
Mr. Haoliang Xu နှင့်
တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရ၊ UNDP နှင့် UNHCR တို့အကြား လက်မှတ် ရေးထိုးထားသည့်
နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေးကိစ္စ၊ မြန်မာနိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု စီမံကိန်းရေးဆွဲ
ဆောင်ရွက် လျက်ရှိသည့် ကိစ္စ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အကူအညီပေးရေးမူဘောင် အပြီးသတ်ရေးဆွဲနိုင်ရေးကိစ္စနှင့်
မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်တို့အကြား လက်ရှိနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်မှု
အခြေအနေတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
Mr. William Lacy
Swing နှင့်တွေ့ဆုံစဉ် IOM က ဆောင်ရွက်လျက်ရှိသည့်ကိစ္စများ၊ ရွှေ့ပြောင်း သွားလာနေထိုင်
သူများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဘက်မှ လိုအပ်သည့် အကူအညီများကို IOM က ဆက်လက် အကူအညီပေးရေးကိစ္စ၊
နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးကိစ္စ၊ မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေးနှင့်
အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှု ကိစ္စရပ် များနှင့် စပ်လျဉ်း၍
အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲများသို့
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် အဆင့်မြင့် အရာရှိကြီးများ
တက်ရောက်ခဲ့ကြသည်။
Ref; Myanmar
State Counsellor Office


No comments:
Post a Comment