နေပြည်တော် ဇူလိုင် ၁၂
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ
(၂၁) ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်
ပြည်ထောင်စုအဆင့် အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် (UCCPF) ကော်မတီဝင်
များအား ယနေ့နံနက် ၁၁နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန
(NRPC) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် CSO
forum ၏ဆောင်ရွက်ချက်များ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်
အရပ်ဖက်အဖွဲ့အစည်း (CSO) များ၏ ပံ့ပိုးကူညီဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး
ညီလာခံ -(၂၁) ရာစု ပင်လုံအစည်းအဝေးများသို့ CSO forum ကိုယ်စားလှယ်များပါဝင်နိုင်မှု
အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ
ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယ၀န်ကြီး ဦးခင်မောင်တင်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီး
ဦးနိုင်ငံလင်းနှင့် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး ပြည်ထောင်စုအဆင့်
အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် (UCCPF) ကော်မတီဝင်များဖြစ်ကြသည့် ဒေါ်ဆောင်းဝင်း
(ကချင်ပြည်နယ်)၊ နော်တကောဖူး (ကရင်ပြည်နယ်)၊ ဦးကျော်မိုးလှိုင် (စစ်ကိုင်းတိုင်းဒေသကြီး)၊
ဒေါ်ခိုင်ခိုင်လဲ့မြင့် (မွန်ပြည်နယ်)၊ ဦးဝင်းမြင့်ထွေး (မကွေးတိုင်းဒေသကြီး)၊ ဦစိုးဌေး
(မန္တလေးတိုင်းဒေသကြီး)၊ မိုင်စုစုလှိုင် (ရခိုင်ပြည်နယ်)၊ နန်းနုစံပယ်ဖြူ (ရှမ်းပြည်နယ်)၊
ဒေါ်ဥမ္မာကျော် (ရန်ကုန်တိုင်းဒေသကြီး)၊ ဦးဇင်မျိုးအောင် (ပဲခူးတိုင်းဒေသကြီး)၊ ဦးစိုးလှိုင်ဦး
(ဧရာဝတီတိုင်းဒေသကြီး)၊ ဦးမိုးသူအောင် (တနသာင်္ရီတိုင်းဒေသကြီး)၊ ဒေါ်သီတာဦး (လူရည်ချွန်ကွန်ရက်)၊
ဦးကျော်ဇင်(အလုပ်သမားကွန်ရက်)၊ ဦးရဲလွင်စိုး (အလုပ်သမားကွန်ရက်) နှင့် ဦးမြတ်သူဝင်း
(မသန်စွမ်းသူများကွန်ရက်) တို့ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment