ရန်ကုန် ဇူလိုင် ၂၀
ပြန်ကြားရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းသည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်
ငါးထပ်ကြီးဘုရားလမ်းရှိ Global New Light of Myanmar သတင်းစာတိုက်၌ သတင်းစာတိုက်မှ
တာဝန်ရှိသူများ၊ စာတည်းအဖွဲ့ဝင်များ၊ ၀န်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးသည်။
ရှေးဦးစွာ
Global New Light of Myanmar သတင်းစာတိုက်မှ တာဝန်ရှိသူ များက လုပ်ငန်း ဆောင်ရွက်ထားရှိမှုများနှင့်
စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက်
ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက သတင်းစာ အရည်အသွေး တိုးတက်ရေး၊ အမှား ကင်းစင်ရေး၊ လုပ်ငန်းလိုအပ်ချက်များနှင့်
စပ်လျဉ်း၍ ဆွေးနွေး မှာကြားသည်။
ယင်းနောက်
ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် သတင်းစာတိုက်မှ တာဝန်ရှိသူများ၊ စာတည်း အဖွဲ့နှင့်
ဝန်ထမ်းများက လုပ်ငန်း လိုအပ်ချက်များကို တင်ပြကြရာ ဒုတိယ၀န်ကြီးက ဖြည့်စွက် ဆွေးနွေး
ဆောင်ရွက်ပေးသည်။
(သတင်းစဉ်)
No comments:
Post a Comment