နေပြည်တော်
ဇူလိုင် ၁၄
စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ဇူလိုင်
၁၃ ရက် ညနေပိုင်းက ပြင်သစ်ဖွံ့ဖြိုးရေး အေဂျင်စီ AFD မှ Final Appraisal Mission ကိုယ်စားလှယ်အဖွဲ့အား
ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ်
ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ AFD ၏ ချေးငွေအထောက်အပံ့ဖြင့် ငါးလုပ်ငန်းဦးစီး ဌာနက တာဝန်ယူဆောင်ရွက်မည့် ဂြိုလ်တုစနစ်
အသုံးပြု၍ မြန်မာနိုင်ငံ ကမ်းရိုးတန်းနှင့် အဏ္ဏဝါ သယံဇာတများ ရေရှည်စီမံခန့်ခွဲရေး
စီမံကိန်းဆိုင်ရာများကို ဆွေးနွေးကြသည်။ အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့်
မြန်မာနိုင်ငံ ရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းဆီးမှု တိုက်ဖျက်ရေးနှင့် အဏ္ဏဝါနှင့်
ကမ်းရိုးတန်း သယံဇာတများကို ရေရှည်စီမံခန့်ခွဲနိုင်မည် ဖြစ်သည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် စက်မှုလယ်ယာ ဦးစီးဌာန အမှတ် ၁ အလတ်စား လယ်ယာသုံးစက်
ကိရိယာပြင်ဆင်ရေးနှင့် ထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက်ပြီး ရွေ့လျားစပါး အခြောက်ခံ
စက်များ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်
က ရှင်းလင်းပြသသည်။
ယခုအခါ
ကမ္ဘာ့ဒေသ အနှံ့အပြားတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ကြုံတွေ့နေကြရ သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း
အချိန်အခါမဲ့ မိုးရွာသွန်းခြင်း ၊ ရက်ရှည်မိုးသည်းမိုးကြီးခြင်း တို့ကြောင့် သီးနှံများ
ထိခိုက်ပျက်စီးမှုအချို့ ကြုံတွေ့နေကြရလျက်ရှိရာ စပါး၊ ပဲအမျိုးမျိုး၊ နှမ်း စသည့်သီးနှံများ
အလွယ်တကူ အခြောက်ခံနိုင်ရန်နှင့် ရွှေ့ပြောင်း အသုံးပြုနိုင်ရန်နှင့် လိုအပ်သည့် ဒေသများတွင်
ကူညီဝန်ဆောင်မှု ပေးနိုင်ရန် အသုံးမပြုတော့သည့် နောက်တွဲယာဉ် အဟောင်းများအား ပြန်လည်မွမ်းမံကာ
အခြောက်ခံ စက်များအဖြစ် စက်မှုလယ်ယာဦးစီးဌာနမှ တီထွင်ထုတ်လုပ်နေခြင်း ဖြစ်သည်။
ယင်းရွေ့လျား
အခြောက်ခံစက်မှာ တစ်ကြိမ်လျှင် စပါးတင်း ၂၀၀
ခန့် အခြောက်ခံနိုင်ကာ ရိတ်သိမ်းသည့် သီးနှံ၏ အခြေအနေပေါ်မူတည်၍ ၄ နာရီ မှ ၆ နာရီအတွင်း
ကြာမြင့်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment