Thursday, July 12, 2018

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဇူလိုင်လ ၁၂
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးအောင်လှထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Mr. Zahairi Baharim, စစ်သံမှူး Col. Abdul Razak Haron နှင့် ပထမအတွင်းဝန် Mr. Tajul Ariffin Tajuddin တို့အား ယနေ့ နံနက် (၁၁:၀၀)နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ် (၆၀) ကျော်ကြာ မြန်မာ-မလေးရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး ပိုမိုခိုင်မာအောင် ဆောင်ရွက် ရေး၊ ရန်ကုန်မြို့၊ ဆူးလေစေတီတော်တစ်ဝိုက်တွင်  ဘာသာပေါင်းစုံသဟဇာတရှိနေမှုကို နိုင်ငံတကာသို့ တင်ပြနိုင်ရန် အတွက် မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးရေး စသည့်ကိစ္စရပ်များ အပါအဝင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment