နေပြည်တော် ဇူလိုင် ၁၇
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဥက္ကဋ္ဌ
H.E. Prof. Dr. Surakiart Sathirathai ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲ ၂
နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌
လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ် စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ပြုနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် UNDP၊ UNHCR တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ဆောင်ရွက်နေမှု အခြေအနေတို့ကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဦးသောင်းထွန်း၊ ဒေါက်တာ ၀င်းမြတ်အေး၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ref : Myanmar President Office

No comments:
Post a Comment