ရန်ကုန် ဇူလိုင် ၁၉
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်
ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄
နေအိမ်တွင် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်
ခေါင်းဆောင်ကြီးများကို ရည်စူး၍ ဆရာတော် သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်
လှူဒါန်းသည်။
အဆိုပါ ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့
အရှင်ဝီရိယ(ဓမ္မဘေရီ) တောင်စွန်း
ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော် ၁၅ ပါး ကြွရောက်ချီးမြင့်တော် မူကြပြီး
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး၊
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ
မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်
အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီး၊ ပြည်ထောင်စု
ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့်ဇနီး၊ သမ္မတရုံး ၀န်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးမင်းသူနှင့်ဇနီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့်ဇနီး၊ ဆွေမျိုးမိတ်သင်္ဂဟများ
တက်ရောက်ကြသည်။
ရှေးဦးစွာ အရှင်ဝီရိယ(ဓမ္မဘေရီ) တောင်စွန်းဆရာတော်ထံမှ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဧည့်ပရိသတ်များက
ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ
ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဖခင်ဖြစ်သူ
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများအားရည်စူး၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ်များက ရေစက်သွန်းချ အမျှပေးဝေကာ ဆရာတော်
သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
(သတင်းစဉ်)
No comments:
Post a Comment