နေပြည်တော် မေ ၁၀
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းအား ကမ္ဘာ့ကျန်းမာရေး
အဖွဲ့ချုပ် (WHO) Framework Convention on Tobacco Control Need Assessment
Mission သည် ယနေ့ နံနက် ၁၀ နာရီခွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌
လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှု
ထိန်းချုပ်ရေး မဟာဗျူဟာ၊ FCTC 2030 : Strategy Myanmar နှင့်ပတ်သက်၍ ဆေးလိပ်နှင့်
ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှုလျှော့ချနိုင်ရန် အရှိန်အဟုန်မြှင့်၍
အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်း များ၏
လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများကို ပြည်သူလူထု အတွင်း
အသိပညာဗဟုသုတနှင့် အလေ့အကျင့်ကောင်းများ ပိုမိုပေါ်ထွန်းလာစေရေး နှင့်ပတ်သက်၍
ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment