နေပြည်တော် မေ ၁၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန
ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးH.E
. Mr. Scot Marciel ဦးဆောင်သောအဖွဲ့၊ Hong Kong MyanmarChamber of Commerceမှ
Founding Chairman , Mr. Albert Oung နှင့် UN Women မှ Regional Director for
Asia and Pacific Region, Ms. Miwa Kato နှင့်အဖွဲ့တို့က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး
မေခလာခန်းမ၌ သီးခြား စီလာရောက် တွေ့ဆုံသည်။
အမေရိကန်သံအမတ်ကြီး H.E . Mr. Scot Marciel နှင့် တွေ့ဆုံရာတွင်
(၂၀၁၂)ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်းရေးအား ဦးစားပေး အစီအစဉ်အနေဖြင့်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရေးကော်မတီမှ ဆောင်ရွက်နေမှုများ၊
ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဒေသခံပြည်သူ များနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ လူမှုအဖွဲ့အစည်းများအကြား
ညှိနှိုင်းဆောင်ရွက်နေမှုများ၊ မူလထက် ပိုမိုကောင်းမွန်သော အခြေအနေသို့ ရောက်အောင် ပြန်လည်နေရာချထားရေးနှင့်
ပြန်လည် ထူထောင်ရေး ဆောင်ရွက်နေမှုများ၊ ကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်းရာတွင် နိုင်ငံတကာ
စံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။
ဆက်လက်၍ Hong Kong MyanmarChamber of Commerceမှ
Founding Chairman , Mr. Albert Oung နှင့် တွေ့ဆုံရာတွင် ၄င်းတို့အနေဖြင့် မြန်မာအစိမ်းရောင်
ပတ်ဝန်းကျင်ရန်ပုံငွေ တည်ထောင်ပြီး သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး
ဆောင်ရွက်မည့်ကိစ္စများ၊ အဆိုပါ ရန်ပုံငွေသည် ပတ်ဝန်းကျင်အတွက်သာမက ဒေသခံ လယ်သမားများနှင့်
လူမှုဖွံ့ဖြိုး လုံခြုံရေးဆိုင်ရာ လုပ်ငန်းများတွင် ကူညီသွားမည့်ကိစ္စရပ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်
ဟောင်ကောင်တွင် အောင်မြင်နေသော လူမှုစောင့်ရှောက်ရေး လုပ်ငန်းများကို မြန်မာနိုင်ငံတွင်
မိတ်ဆက်လိုပြီး နည်းပညာနှင့် အတွေ့အကြုံများအား အပြန်အလှန် ဖလှယ်နိုင်ရေး ကိစ္စများကို
ဆွေးနွေးသည်။
UN Women မှ Regional Director for Asia and Pacific
Region , Ms. Miwa Kato နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့်
လုံခြုံရေး လုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရန် ပူးပေါင်းဆောင်ရွက်ပြီး သက်ဆိုင်ရာ
နယ်ပယ်တွင် ပညာရှင်များ ခန့်ထားမည့် ကိစ္စများ၊ နိုင်ငံအတွင်း UN Women ၏ လုပ်ငန်းများ
အရှိန်မြှင့်တင်၍ ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဂျပန်နိုင်ငံ၏ ထောက်ပံ့မှုဖြင့် UN
Women မှတဆင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးစွမ်းပကား မြှင့်တင်ရေးလုပ်ငန်းများ
ဆောင်ရွက်မည့် အစီအစဉ်များကိုေ ဆွးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment