Thursday, May 10, 2018

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Bhim K. Udas အား လက်ခံ တွေ့ဆုံ



နေပြည်တော်၊ မေ ၁၀ 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Bhim K. Udas အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့ လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နီပေါ-မြန်မာ နှစ်နိုင်ငံအကြား လွှတ်တော်အချင်းချင်း အပြန်အလှန် ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံရေးတိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ခရီးသွား ကဏ္ဍများ တိုးမြှင့်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နီပေါ-မြန်မာ ချစ်ကြည်ရေး အသင်း တည်ထောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်‌လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment