Thursday, May 10, 2018

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း မြန်မာနိုင်ငံဆိုင်ရာ ဘယ်လ်ဂျီယံ သံအမတ်ကြီး H.E. Mr. Philippe Kridelka နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် မေ ၉
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လ်ဂျီယံ သံအမတ်ကြီး H.E. Mr. Philippe Kridelka နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်၊ ဦးသန်းဌေးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ နှင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတို့၌ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများ ပို့ချခြင်း၊ Voter education နှင့် Civic education လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့တွင် ဥရောပသမဂ္ဂမှ ကူညီဆောင်ရွက်ခဲ့မှု၊ ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအတွက် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်သစ်များအား သင်တန်း ပို့ချရာတွင် International IDEA နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့မှုတို့ကို ရှင်းလင်းဆွေးနွေးသည်။
မြန်မာနိုင်ငံဆိုင်ရာ ဘယ်လ်ဂျီယံ သံအမတ်ကြီး က မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီအောင်မြင် ဖြစ်ထွန်းစေရေးအတွက်  ကူညီဆောင်ရွက် ပေးနေမှု တို့ကို ရှင်းလင်းပြောကြားသည်။ ထို့အပြင် ဆက်လက်၍ ကျင်းပ ရန်ရှိသည့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများတွင် ကူညီ ဆောင်ရွက်သွားမည့် အခြေအနေတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
 (သတင်းစဉ်)

No comments:

Post a Comment