ကျောက်ဖြူ မေ ၁၃
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက
ကျောက်ဖြူ စက်မှုလက်မှုသိပ္ပံကျောင်း (၁၅၀×၇၅)ပေ အဆောက်အဦ(၉၀)ရာခိုင်နှုန်းပြီးစီးနေမှုကို
ကြည့်ရှုစစ်ဆေးပြီး ကျောက်ဖြူ ပညာရေးကောလိပ်တွင် သုံးထပ်ဆောင် (RC) ဆောက်လုပ်နေမှုကို
ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ကျောက်ဖြူမြို့ ရမ္မာဝတီခန်းမ၌ ပြည်နယ်၊ ခရိုင်၊
မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့မိ/မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊
အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံရာ
ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ နှစ်နှစ်တာဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ
ဆောင်ရွက်မှုများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများတွင် အားသာချက်၊
အားနည်းချက်များရှိခဲ့ပါကြောင်း၊ ယခုဘတ်ဂျက်အသစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများကို
တာဝန်ခံမှု၊ တာဝန်ယူမှုများနှင့် အဂတိတရားကင်းကင်းဖြင့် ပြည်သူ လူထုအား ပွင့်လင်းမြင်သာစွာ
ချပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုက အားကိုးယုံကြည် ရသော အစိုးရဖြစ်လာအောင်
အတူလက်တွဲကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုကိုလည်း
အဓိက အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံ ပြင်ပလူနာဆောင်နှင့်
ဆေးရုံတက်ရောက်ကုသနေသော လူနာများကို သွားရောက် အားပေးစကားပြောကြားပြီး ကျောက်ဖြူဆေးရုံ
ဝန်ထမ်းအိမ်ရာ (၁၈၄ပေ×၄၃ပေ) (၈)ခန်းတွဲ(၄)ထပ် ဆောက်လုပ်နေမှုနှင့် ကျောက်ဖြူမြို့နယ်
ပြင်ဖြူမော်ကျေးရွာရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းထားသော
ရေငန်တာတမံ ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများသည်
မေ ၁၂ ရက်တွင် ရမ်းဗြဲ-ကျောက်နီမော် လမ်းပေါ်၌ ကွန်ကရစ်လမ်း ၁ မိုင် ခင်းခြင်းဆောင်
ရွက်နေမှု၊ ဝက်ကိုက်ချောင်း-ပြင်ချောင်းကြီး ကျေးရွာချင်းဆက် ၂ မိုင် ၇ ဖာလုံ ကျောက်ချောလမ်းခင်းခြင်းဆောင်
ရွက်နေမှုနှင့် လမုန်းခြေ- သင်းကနက် ရွာချင်းဆက်လမ်း ၁ မိုင် မြေသားလမ်းခင်းခြင်းဆောင်
ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ရမ်းဗြဲ-ကျောက်နီမော်ကားလမ်းပေါ်ရှိ သစ်ပုတ်ချိန်
တံတားသံကူ ကွန်ကရစ် ပေ ၁၈၀ တည်ဆောက်နေမှု၊ ဟုံးဝဆိပ်ခံတံတားလမ်း ပေ ၂၀၅၀၊ ၁၂ ပေ၊ ၈လက်မ
ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီး စီးမှု၊ သင်းပေါင်းချောင်းကျေးရွာ ဆိုင်ကလုန်း
Shelter ဆောက်လုပ်ရန် မြေပြုပြင်နေမှုနှင့် အောင်လှပြင်ကျေးရွာတွင် ဆိုင်ကလုန်း
Shelter တည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အောင်လှပြင်ကျေးရွာဒေသ ခံများနှင့်တွေ့ဆုံသည်။
မွန်းလွဲပိုင်းတွင် ရမ်းဗြဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ရမ္မာဝတီခန်းမ၌ ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်
တွေ့ဆုံသည်။
ညနေပိုင်းတွင် ကျောက်ဖြူမြို့နယ် ချောင်းဖျား- ဘယာ-သစ်ကတိုးကျေး
ရွာချင်းဆက်မြေသားလမ်း ၃ မိုင် ၄ ဖာလုံ ဖောက်လုပ်နေမှုအား လည်းကောင်း၊ ရန်ကုန်-ကျောက်ဖြူကားလမ်းပေါ်ရှိ
ဇင်ချောင်းတံတား သံကူကွန်ကရစ် RC ပေ ၄၀ ဆောက်လုပ်နေမှုအား လည်းကောင်း၊ မိုင်တိုင် ၈/၉၇
တွင် သစ်သားတံတား သံကူကွန်ကရစ် တည်ဆောက်နေမှု အားလည်းကောင်း၊ ၀မျှောင်-အင်တိုင်းကြီးရွာချင်းဆက်
လမ်း ကွန်ကရစ်ခင်းနေ မှုတို့အားလည်းကောင်း၊ မြင်းပြင်ရေဒါစခန်းကျောက် စီမြေကာနံရံ အလျားပေ
၁၈၀ ဆောင်ရွက်ပြီးစီးမှုတို့ကိုသွားရောက်စစ်ဆေး ခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း၊ ဖြိုးဝေလင်း(ပြန်/ဆက်)
No comments:
Post a Comment