နေပြည်တော် မေ ၈
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံရေးရာ၊ ဥပဒေရေးရာနှင့်
လုံခြုံရေးရာ ညှိနှိုင်းရေးဝန်ကြီး ဒေါက်တာ အိတ်ခ်ျ ၀ီရန်တိုအား ယနေ့ နံနက် ၁၀ နာရီတွင်
နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အင်ဒိုနီးရှားနိုင်ငံမှ အကူအညီ
ပေးရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်းကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြား ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ
တက်ရောက်ကြသည်။
အလားတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး
H.E.Mr.Ichiro MARUYAMA (မစ္စတာ အိချိရော မာရုယာမ) အား နံနက် ၁၁ နာရီတွင် လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ
ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


No comments:
Post a Comment