Tuesday, May 8, 2018

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီးနှင့် ဘယ်လ်ဂျီယံနိုင်ငံ သံအမတ်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ



နေပြည်တော် မေ ၈


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H. E. Mr. Peter Lysholt Hansen အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။



ထိုသို့တွေ့ဆုံစဉ် ဒီမိုကရေစီစနစ်နှင့်ကိုက်ညီသော ဥပဒေများ ပြုပြင်ပြဋ္ဌာန်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးရေး၊ ငြိမ်းချမ်းရေး ကိစ္စရပ်များနှင့် ပတ်သက်၍ အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြ သည်။

အလားတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ဘန်ကောက်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လ်ဂျီယံနိုင်ငံ သံအမတ်ကြီး H. E. Mr. Philippe Kridelka အား မွန်းလွဲ ၂ နာရီတွင် လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေး၊ ဥပဒေပြင်ဆင်ပြဋ္ဌာန်း ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။


အဆိုပါတွေ့ဆုံပွဲများသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


(သတင်းစဉ်)

No comments:

Post a Comment