နေပြည်တော် မေ ၁၂
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ရွှေလက်လှ
စေတီတော် ပရိဝုဏ်အတွင်းတွင် တည်ထား ကိုးကွယ်မည့် ဥာဏ်တော် ၃၆ တောင်ရှိ ထာဝရငြိမ်းချမ်းရေး
စေတီတော် ရတနာ ပန္နက်တော်တင်၊ တွင်းတော်ဝန်းမဟာ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်
ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော် ပျဉ်းမနားမြို့
မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော် နိုင်ငံတော် သြ၀ါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု
ဘဒ္ဒန္တက၀ိသာရထံမှ သာသနာရေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊
ပရိတ်ချည်၊ ပရိတ်သဲများ၊ ရတနာ ပန္နက်တော်၊ ရွေလက် ရိုက်တော်နှင့် ရွှေတူရွင်းတော်များကို
ဆရာတော်ကြီးများထံ ဆက်ကပ်၍ မေတ္တာသုတ်တော်နှင့် ပရိတ် တရားတော်များကို နာယူကြသည်။
ယင်းနောက် ဆရာတော်ကြီးများအား ပြည်ထောင်စုဝန်ကြီး
သူရဦးအောင်ကို၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့် ဧည့်ပရိသတ်များက လှူဖွယ်ဝတ္ထုပစ္စည်းများ
ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်
ဆရာတော်ထံမှ ဧည့်ပရိသတ် များက လှူဒါန်းမှု အစုစုတို့ အတွက် အနုမောဒနာတရားနာကြားကြပြီး
ရေစက်သွန်းချအမျှပေးဝေ ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက
ရန်အောင်မြင်ရွှေလက်လှစေတီတော် ပရိဝုဏ် အတွင်းရှိ သတ်မှတ်နေရာများတွင် ရတနာပန္နက်တော်တင်၍
တွင်းတော်တူး ၀န်းပေးကြရာ ဆရာတော် သံဃာတော်များက အောင်ဂါထာများကို ရွတ်ဆိုပူဇော်ပြီး
မဟာမင်္ဂလာ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
(သတင်းစဉ်)
No comments:
Post a Comment