Tuesday, May 22, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကာတာစင်တာ အမှုဆောင်အရာရှိချုပ်အား လက်ခံတွေ့ဆုံ


နေပြည်တော် မေ ၂၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကာတာ စင်တာ၏ အမှုဆောင်အရာရှိချုပ်၊ သံအမတ်ကြီးဟောင်း Ms. Mary Ann Peters အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြိုးပမ်းဆောင်ရွက် မှုတွင် ကာတာစင်တာမှ အတွေ့အကြုံများမျှဝေရေးနှင့် ပံ့ပိုးကူညီမှုပေးရေးကိစ္စတို့ကို ဆွေးနွေးခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment