Tuesday, May 22, 2018

ထားဝယ်ခရိုင် လူထုအခြေပြု ဗဟိုဌာန၌ လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ


ထားဝယ် မေ ၂၁
ဒီမိုကရေစီစနစ်၏ အဂါင်္ရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေး တိုင်ပင်ရမည့် အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးနိုင်ရန်၊ မိမိရပ်ရွာဒေသမှာ ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများရှိလာစေရန်၊ ပြည်သူလူထု၏ စဉ်းစား တွေးခေါ်မှု မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက် များဖြင့် ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာနရှိ ယာယီမဏ္ဍပ်တွင် “လူငယ်နှင့် မူးယစ်ဆေး” ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်း ( Public Talk ) ကို ယနေ့ နံနက် (၁၀)နာရီခွဲ က ကျင်းပသည်။

ပြည်သူ့စကားဝိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် တိုင်းဒေသကြီးဝန်ကြီးများနှင့်  တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် လူငယ်လူရွယ်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများကိုလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် တရားသူကြီးချုပ် ဦးတင်အောင်က မူးယစ်ဆေးဝါးနှင့် ပတ်သက် သည့် ဥပဒေရေးရာနှင့် တရားစီရင်ရေးဆိုင်ရာ အချက်အလက်များကိုလည်းကောင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်နေမှုကိုလည်းကောင်း၊  ထားဝယ်ပြည်သူ့ဆေးရုံ ဆေးရုံ အုပ်ကြီး ဒေါက်တာ အေးအောင်နှင့် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီိး ဦးစီးမှူး ဒေါက်တာဇော်မင်းထွန်း တို့က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကုသရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာများကိုလည်းကောင်း  ဆွေးနွေး ကြသည်။
ထိုနောက် တက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာအလိုက် ပြန်လည် ဆွေးနွေးဖြေကြား ကြသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြည်သူ့စကားဝိုင်းများတွင် ဒီမိုကရေစီ အင်္ဂါရပ်များနှင့်အညီ ပွင့်ပွင့်လင်းလင်းနှင့် လွတ်လွတ်လပ်လပ် ဆွေးနွေးကြရမှာဖြစ်ပါကြောင်း၊ ထိုသို့ဆွေးနွေးရာတွင် တစ်ဦးတစ်ယောက်နှင့် အဖွဲ့အစည်းများကို ထိခိုက်ပြောဆိုခြင်းများကို ရှောင်ရှားပြီး ယဉ်ကျေးစွာဖြင့် ဆွေးနွေးပွဲ အောင်မြင် ပြီးမြောက်အောင် ဆွေးနွေးကြရမှာဖြစ်ပါကြောင်း၊ ယခုစကားဝိုင်းမှအစပြုပြီး အလေ့အထဖြစ်အောင် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပါဝင်ဆွေးနွေး ပြောကြားခဲ့သည်။
ခိုင်ထူး (ပြန် / ဆက်)

No comments:

Post a Comment