ရန်ကုန်၊ မေ ၈
ပြန်ကြားရေးဝန်ကြီိးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းက ၂၀၁၇-
၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၀ယ်ယူခဲ့သည့် Goss Community 4- High Tower FourUnit Web Offset ပုံနှိပ်စက်သစ်ဖွင့်ပွဲကို ယနေ့နံနက် ၁၁ နာရီခွဲက
ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ်(၁)ရှိ မြန်မာ့အလင်း သတင်းစာတိုက်၌ ကျင်းပသည်။
ရှေးဦိးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်
၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦိးဖြိုးမင်းသိန်း ၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
ဦးဆောင်ညွှန်ကြားရေးမှုး ဦးကျော်စိုးနှင့် Goss Graphics Systems (China)
Co.Ltd Global Sales Director Mr. Peter
Kirwan တို့က ပုံနှိပ်စက်သစ်ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က
ပုံနှိပ်စက်သစ်ဖွင့်ပွဲ အထိမ်းအမှတ်ကမ္ဗည်း မော်ကွန်းနှင့် ပုံနှိပ်စက်သစ်ကြီးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး
စက်လည်ပတ်မှုနှင့် သတင်းစာများ ပုံနှိပ်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုသည်။
အဆိုပါ
Goss Community 4- High Tower FourUnit
Web Offset ပုံနှိပ်စက်သည် ပုံနှိပ်အရည်အသွေး
ကောင်းမွန်ကာ တစ်နာရီလျှင် သတင်းစာ စောင်ရေ
၃၅၀၀၀ ပုံနှိပ်ရိုက်နှိပ် နိုင်မည်ဖြစ်သည်။
4
– High Tower တစ်ခုလျှင် ရောင်စုံ (Tabloid Size)
သတင်းစာ (၈) မျက်နှာ ပုံနှိပ်နိုင်ပြီး 4 – High Tower (၄)ခု ပါဝင်သဖြင့် ရောင်စုံ
(၃၂) မျက်နှာ သတင်းစာကို တပြိုင်တည်း ပုံနှိပ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:
Post a Comment