Wednesday, May 16, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် BBC Media Action မှ Mr.Ed Pauker နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော် မေ ၁၆

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် BBC Media Action မှ Mr.Ed Pauker နှင့်အဖွဲ့ အား ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
 

တွေ့ဆုံစဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် BBC Media Action တို့အကြား MoU အသစ်ပြန်လည် လက်မှတ် ရေးထိုး ရေး၊ Joint Peace Fund Programme အား မှတ်တမ်းရုပ်သံ (၂) ခုနှင့် ဆွေးနွေးခန်း (၁) ခုစီပါဝင်သည့် အစီ အစဉ်တွဲများ အဖြစ် ရိုက်ကူး၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသနိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment