Wednesday, May 16, 2018

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအား ARD German မှ ရုပ်သံသတင်းထောက် က တွေ့ဆုံမေးမြန်း





နေပြည်တော် မေ ၁၆
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းအား ဂျာမနီနိုင်ငံ အခြေစိုက် ARD German Radio & TV မှ အရှေ့တောင်အာရှ၊ သြစတြေးလျ နှင့် နယူးဇီလန် ဒေသများဆိုင်ရာ ဗျူရိုအကြီးအကဲ Ms. Sandra Ratzow က ယနေ့ နံနက် ၁၀ နာရီတွင် ဒုတိယဝန်ကြီး၏ ရုံးခန်းသို့ လာရောက်ပြီး နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ် တိုးတက်မှုအခြေအနေနှင့် မကြာသေးမီကလာရောက်ခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ်နှင့် ပတ်သက်၍ သိရှိလို သည်များကို မေးမြန်းခဲ့သည်။



ဒုတိယဝန်ကြီးက ရှင်းလင်းဖြေကြားရာတွင် မိမိတို့အနေဖြင့် ပြန်လည်လက်ခံရေး အတွက် စနစ်တကျဖြင့် အစွမ်းကုန် ကြိုးစားပြင်ဆင်ထားရှိခဲ့ပါကြောင်း၊ သို့သော် နေရပ် စွန့်ခွာသွားသူများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ စေလွှတ်နိုင်ခြင်း မရှိသေးသည့် အတွက် လာရောက်နိုင်ခြင်းမရှိသေးပါကြောင်း၊ ပြန်လည်လက်ခံ ရေး အစီအစဉ်အပေါ် မည်သူကမျှ နိုင်ငံရေးအကျိုးအမြတ်မထုတ်သင့်ပါကြောင်း၊ မကြာမီ မိုးရာသီရောက်ရှိ လာတော့မည်ဖြစ်သဖြင့် ပြန်လည် လက်ခံရးအစီအစဉ် အမြန်ဆုံးချောမော အောင်မြင် ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံတကာ အသိုင်းအ၀န်းနှင့် နိုင်ငံတကာ မီဒီယာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ အလားတူပင် မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့ ရေးအတွက်လည်း နိုင်ငံတကာအသိုင်းအဝန်းနှင့် မီဒီယာများ၏ ကူညီဆောင်ရွက်မှုမှာ အရေးကြီးပါကြောင်း၊ အချို့သောနိုင်ငံတကာ မီဒီယာများသည် မိမိတို့နိုင်ငံနှင့် ပတ်သက်၍ ဘက်လိုက်ရေးသားမှုများ၊ ချဲ့ကားရေးသားမှုများ၊ လိုရာဆွဲ ရေးသားမှု များရှိပါကြောင်း၊ နိုင်ငံတကာ အသိုင်းအ၀န်းအနေဖြင့် နိုင်ငံတစ်ခုခုအပေါ် အရေးကြီးသည့် မူဝါဒများချမှတ်ရာတွင် မီဒီယာများ၏ ရေးသား ဖေါ်ပြချက်များကို အခြေခံလေ့ ရှိသဖြင့် မိမိတို့အပေါ်ဆိုးကျိုးများဖြစ်ပေါ်စေပါကြောင်း၊ မီဒီယာများကို မောင်တော ဒေသ၏ မြေပြင်ပကတိ အခြေအနေကို ကိုယ်တိုင်သွားရောက်လေ့လာ ရေးသားနိုင်ရန် ခရီးစဉ်များ တတ်အားသမျှ စီစဉ်ပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ARD German Radio & TV ကို ၁၉၅၀ခုနှစ်တွင် ထူထောင်ခဲ့ပြီး ၀န်ထမ်းအင်အား ၂၂၀၀၀ ကျော်ဖြင့် လည်ပတ်နေ သည့် ကမ္ဘာ့ဒုတိယအကြီးဆုံးအများ ပိုင်အသံလွှင့်ဌာနကြီးဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment