Thursday, April 12, 2018

ဒီဂျစ်တယ် ကွန်ပျူတာ နည်းပညာ သင်တန်း အမှတ်စဉ် ၃/၂၀၁၈ သင်တန်းဆင်းပွဲ မြန်အောင်တွင် ကျင်းပ


မြန်​​အောင်​ ဧပြီ ၁၂

KMD Institute မှ ပညာ​ရေးဝန်​ကြီးဌာန၏ ဦး​ဆောင်​မှုနှင့်​အတူ Telenor, Ericsson, IGT, MIDO တို့ ပူး​ပေါင်း​ဆောင်​ရွက်​သည့်​ ​နွေရာသီ ဒီဂျစ်​တယ်​ ကွန်​ပျူတာနည်းပညာ သင်​တန်း အမှတ်​စဉ်​ ၃/၂၀၁၈ သင်​တန်းဆင်းပွဲ အခမ်းအနားကို ဧပြီ ၁၂ ရက်​​နေ့က မြန်အောင်​မြို့ Golden Land မိသားစု အပန်း​ဖြေ စားဥယျာဉ်​တွင်​ KMD Computer Myanaung Center မှ ကျင်းပပြုလုပ်​ရာ အခမ်းအနားတွင်​ သင်​တန်းဆင်း ​ကျောင်းသား၊ ကျောင်းသူများက KMD Theme Song သီးချင်းကို သီဆိုဖွင့်​လှစ်​ပြီး  KMD Computer Myanaung Center မှ ဆရာ ဦး​သော်​တာဦးက ကြိုဆိုနှုတ်​ခွန်းဆက်​စကား ​ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်​ပညာ​ရေးမှူး ဦးစန်းဝင်းက​ ကျေးဇူးတင်​အမှာစကား​ ပြောကြားသည်​။


အဆိုပါအခမ်းအနားတွင်​ သင်​တန်းဖြစ်​​မြောက်​​ရေးအတွက်​ ဝန်းဝန်းကူညီ​ပေးကြ​သော ရပ်​မိရပ်​ဖများကို  KMD Computer Myanaung Center မှ အမှတ်​တရ လက်​​ဆောင်​များ ​ပေးအပ်​ခဲ့ပြီး တာဝန်​ရှိသူများက Certificate သင်​တန်း ဆင်းလက်​မှတ်​များကို​ ပေးအပ်​ခဲ့ကြသည်​။ ထို့​နောက်​ သင်​တန်းဆင်း ​ကျောင်းသားတစ်​ဦးက သင်​တန်းပြီး​မြောက်​​အောင်​မြင်​ခြင်း အမှတ်​တရစကားနှင့်​ အ​တွေ့အကြုံများ ​ပြောကြားခဲ့သည်။

ဆက်လက်ပြီး  KMD Computer Myanaung Center မှ​ ကျောင်းသား၊ ကျောင်းသူများက မြန်​မာ့နှစ်​သစ်​ကို ကြိုဆို​သောအားဖြင့်​ “သင်္ကြန်မိုး” သီချင်းဖြင့်​ ကပြ​ဖျော်​​ဖြေကြပြီး ​ပျော်​ပွဲရွှင်​ပွဲ Game ကစားပွဲများဖြင့်​ ကျင်းပပြုလုပ်​ခဲ့သည်​။

KMD Institute မှ ပညာ​ရေးဝန်​ကြီးဌာန၏ဦး​ဆောင်​မှုနှင့်​အတူ Telenor, Ericsson, IGT, MIDO တို့ ပူး​ပေါင်း​ဆောင်​ရွက်​သည့်​ ​နွေရာသီ ဒီဂျစ်​တယ်​ ကွန်​ပျူတာ နည်းပညာ သင်​တန်း အမှတ်​စဉ်​ ၃/၂၀၁၈ သင်​တန်းကို သင်​တန်းသား၊ သင်တန်းသူ (၃၇၅) ဦး တက်​​ရောက် အောင်​မြင်​ခဲ့​ကြောင်း သိရှိရသည်​။

ဝင်းဗိုလ်​ ပြန်​ဆက်​ (မြန်​​အောင်)

No comments:

Post a Comment