ငါးသိုင်းချောင်း
ဧပြီ ၁၂
ပုသိမ်-မုံရွာ
လမ်းမပေါ်နှင့် ငါးသိုင်းချောင်း မြို့တွင်း၊ မြို့ပြင် ဆက်သွယ်သွားလာလျက်ရှိသော မော်တော်ဆိုင်ကယ်၊
မော်တော်ယာဉ်များ မဟာသင်္ကြန် ကာလအတွင်း ယာဉ်အန္တရာယ် ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း
လိုက်နာဆောင်ရွက်စေရေးအတွက် ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ငါးသိုင်းချောင်း နယ်မြေရဲတပ်ဖွဲ့
စခန်းမှူး ရဲအုပ်ကျော်စိန်လှိုင် ဦးဆောင်သော နယ်မြေရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ရပ်ကွက်
အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်
မဟာသင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ် ကင်းရှင်းစေရေး လိုက်နာဆောင်ရွက်သင့်သည့် အချက်အလက်များအား
အသိပညာပေး ဟောပြော ဆောင်ရွက်ပေးလျက်ရှိပြီး မဟာသင်္ကြန်ရက်များ အတွင်း၌လည်း ယာဉ်အန္တရာယ်
ကင်းရှင်းရေးနှင့် မှုခင်းကျဆင်းရေး လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သတင်းရရှိပါသည်။
စိုးမင်းဦး(ပြန်/ဆက်)

No comments:
Post a Comment