နေပြည်တော် ဧပြီ ၁၀
ရခိုင်ပြည်နယ် မောင်တောဒေသ
တောင်ပြိုလက်ဝဲနှင့် ငါးခူရပြန်လည်လက်ခံရေး စခန်း(၂)ခုတွင် အသုံးပြုရန် ၂၀ ကေဗွီအေ
မီးစက်(၂)လုံး ၀ယ်ယူရေးအတွက် အလှူငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင်
နေပြည်တော် ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။
အခမ်းအနားတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်
ငြိမ်းချမ်းရေးဗဟိုဌာန အတွင်းရေးမှူး နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးခင်မောင်တင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြန်လည်လက်ခံရေး စခန်းများ ဖြစ်ကြသည့်
တောင်ပြိုလက်ဝဲနှင့် ငါးခူရစခန်းများတွင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရအဖွဲ့နှင့်
တပ်မတော် တို့၏ ညှိနှိုင်းစီစဉ်မှုများအရ အဆောက်အဦ၊ ရေ၊ မီး၊ မိလ္လာ၊ ရိက္ခာနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များ
အဆင်သင့် ရှိနေပြီဖြစ်ပါကြောင်း၊ သို့သော်ပြန်လည်လက်ခံရေးဆိုင်ရာ ကိစ္စရပ်များအတွက်
မီးစက်(၂)လုံး ထပ်မံလိုအပ်လျက် ရှိသည်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတို့၏ တင်ပြချက်များအရ
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနအနေဖြင့် ၂၀ ကေဗွီအေ မီးစက်(၂)လုံးဝယ်ယူရန်
ကျသင့်သောငွေကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ပါကြောင်း
ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးခင်မောင်တင်က ၂၀ ကေဗွီအေ မီးစက်(၂)လုံးဝယ်ယူရန် အလှူငွေ အမေရိကန်ဒေါ်လာ
(၁၄၀၀၀) ကို ပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးစိုးအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး ဒုတိယ၀န်ကြီး
ဦးစိုးအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
(သတင်းစဉ်)
No comments:
Post a Comment