Tuesday, April 10, 2018

ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်း ကိုရီးယားသမ္မတနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသံအမတ်ကြီးတို့အား သီးခြားစီ တွေ့ဆုံ


နေပြည်တော် ဧပြီ ၁၀
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ယနေ့ မွန်းတည့် ၁၂ နာရီတွင် မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Lee Sang-hwa အား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ရုံးအမှတ် (၂၆) ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအစိုးရဘက်မှ လုပ်ငန်းရှင်များနှင့် ကိုရီးယားသမ္မတနိုင်ငံ အစိုးရဘက်မှ လုပ်ငန်းရှင်များ အကြား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ အသေးစား အလတ်စားစီးပွားရေးကဏ္ဍ၊ လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ အာမခံလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ အခွန်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Dr. Luan Thuy Doung အား မွန်းလွဲ ၁ နာရီတွင်တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုမြင့်မားအောင် ဆောင်ရွက်ရန်၊ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်း ဆောင်ရွက်ရန်၊ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment