Thursday, March 8, 2018

UEHRD စီမံကိန်းလုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း


နေပြည်တော် မတ် ၈
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေချထားရေး၊ ဖွံ့ဖြိုးရေး ပြည်ထောင်စုစီမံကိန်း(UEHRD)၏ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် MPT သုံးစွဲသူများမှ ရခိုင် ပြည်နယ်ရှိ ပြည်သူများအတွက် SMS ဖြင့်ပေးပို့ လှူဒါန်းထားသော
လှူဒါန်းငွေကျပ် - ၁၀၁,၇၉၂,၀၀၀ိ/-(ကျပ်တစ်ထောင့် တစ်ဆယ့်ခုနှစ်သိန်း ကိုးသောင်းနှစ်ထောင်တိတိ)ကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန အစည်းအဝေး ခန်းမတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချစ်ဝေ နှင့် အဖွဲ့မှ လာရောက် ပေးအပ် လှူဒါန်းရာ UEHRDဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးမှ လက်ခံ ရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။         ဆက်လက်၍ ကချင်ပြည်နယ်၊ ချီဖွေမြို့နှင့် ပန်ဝါမြို့ တို့တွင် နေထိုင်ကြသော ချို့တဲ့သည့်ပြည်သူများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသော ပြည်သူများအတွက်  အ၀တ်အထည်များ လှူဒါန်းခြင်း အခမ်းအနားကို အဆိုပါဝန်ကြီးရုံး၊ မေခလာ ခန်းမတွင် ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက (ကျား- ၀တ်ရှပ် အင်္ကျီ၁၅၀၀ ၊ မ- ၀တ်ရှပ် အင်္ကျီ ၁၅၀၀)စုစုပေါင်းအ၀တ်အထည် (၃၀၀၀) ထည်အား ချီဖွေမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇုံးတိန့်ထံသို့ ပေးအပ်လှူဒါန်းသည်။
(သတင်းစဉ်)

No comments:

Post a Comment