နေပြည်တော်
မတ် ၆
ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ လမ်းဦးစီးဌာနနှင့်
China Harbour Engineering Co.,Ltd တို့အကြား မန္တလေး- ထီးချိုင့်- မူဆယ် အမြန်လမ်းနှင့်
ကျောက်ဖြူ - နေပြည်တော် အဝေးပြေး လမ်းမကြီး စီမံကိန်း ဆောင်ရွက်ရန် Feasibility
Study အတွက် MOU လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို
ယနေ့ မွန်းလွဲ (၃) နာရီတွင် အဆိုပါ ၀န်ကြီးဌာန
အစည်းအဝေးခန်းမ၌ ကျင်းပရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် တက်ရောက်
အဖွင့်အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က
အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့
သမ္မတနိုင်ငံသံရုံးမှ Economic & Commercial Consular Mr.Xie Guoxiang က ကျေးဇူးတင်စကား
ပြောကြားပြီး China Harbour Engineering Co.,Ltd မှ Senior Vice President Mr. Liu
Baohe မှ နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ရှေ့မှောက်တွင်
လမ်းဦးစီး ဌာန ၊ ညွှန်ကြားရေးမှူးချုပ် ၊ ဦးအုန်းလွင်နှင့် China Harbour
Engineering Co.,Ltd မှ Authorized Representative in Myanmar Mr. Yang Lu တို့က မန္တလေး
- ထီးချိုင့် - မူဆယ်အမြန်လမ်း စီမံကိန်းနှင့် ကျောက်ဖြူ - နေပြည်တော် အဝေးပြေး လမ်းမကြီး
စီမံကိန်း ဆောင်ရွက်ရန် Feasibility Study အတွက် MOU လက်မှတ်ရေး ထိုးကြပြီး အပြန်အလှန်
လဲလှယ်ကြသည်။
ယနေ့ အခမ်းအနားတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့်
China Harbour Engineering Co.,Ltd တို့အကြား မန္တလေး - ထီးချိုင့် - မူဆယ်အမြန်လမ်း
စီမံကိန်းနှင့် ကျောက်ဖြူ - နေပြည်တော် အဝေးပြေး လမ်းမကြီး စီမံကိန်း ဆောင်ရွက်ရန်
Feasibility Study အတွက် MOU လက်မှတ် ရေးထိုးခြင်းဖြင့်
လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍ ပိုမို တိုးတက်လာမှာ ဖြစ်သလို ကုန်စည် စီးဆင်းမှုများ သွက်လက်
မြန်ဆန်လာပြီး ဒေသဖွံ့ဖြိုးရေး အတွက် များစွာ အထောက်ကူ ဖြစ်မှာ ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:
Post a Comment