Monday, March 5, 2018

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား


အမ်း မတ်လ ၅
ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ်တွင် ထန်းချောင်းကျေးရွာအနီး အမ်း- မအီကား လမ်းမိုင်တိုင် အမှတ်( ၅) မိုင် ၂ ဖာလုံ အနီးတွင် သံတွဲမှစစ်တွေသို့ မောင်းနှင်လာသောရခိုင်အားမာန် (4A-8683) ဟွန်ဒိုင်း မှန်လုံနီ/ဖြူကြားအရောင်ရှိ ယာဉ်မောင်းဖြစ်သူ ဖိုးညီလေးအသက်(၃၀)နှစ်  မောင်းနှင်လာသော ခရီးသည်တင်ယာဉ်သည် ခရီးသည် (၃၇) ဦး ကုန်ပစ္စည်းအပြည့်ဖြင့်မောင်းနှင်လာ စဉ်တောင်ပေါ်သို့ မတက်နိုင်ဖြစ်၍ နောက်သို့လိမ့်ဆင်းကာပေ ၂၀၀ ကျော်ခန့် ရှိချောက်သို့ပြုတ်ကျမှု မတ်လ( ၄ )ရက်နေ့ ည( ၁၀.၃၀ ) အချိန်တွင်ဖြစ်ပွားကြောင်း သိရှိရသဖြင့် အမ်းမြို့နယ်မီးသတ် စခန်းမှဉီးစီးအရာရှိ ဉီးအောင်သန်းဌေးဉီးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်( ၉ )ဉီး၊ အုပ်ချုပ်မှုယာဉ် (၁)စီးဖြင့် ကူညီ ကယ်ဆယ်သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်ပေါ်ပါခရီးသည် (၃၇) ဉီးအနက် ကျား(၁)၊ မ(၂)၊ ကလေး(၁)ဉီးတို့သည် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံး၍ ကျား(၁၈)၊ မ(၁၅)ဦးဒဏ်ရာရရှိကာ အမ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် စိုးရိမ်ရဖွယ်(၂)ဦး၊ မစိုးရိမ်ရ (၃၁)ဦး ဆေးကုသမှု ခံယူလျှက်ရှိပါကြောင်းနှင့် ယာဉ်နောက်လိုက်တို့အား အမ်းမြို့မရဲစခန်းမှ စီစဉ်ဆောင်ရွက်လျှက်ရှိပါကြောင်း သတင်းရ ရှိပါသည်။
ဝင်းအိမွန်

No comments:

Post a Comment