နေပြည်တော်
မတ် ၆
မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးနှီးနှော
ဖလှယ်ဆွေးနွေးပွဲ- ၂၀၁၈ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်
ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်
အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ အောင်သူ၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဒေါက်တာ သန်းမြင့်နှင့် ဒေါက်တာ ၀င်းမြတ်အေး၊
လွှတ်တော် ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီဝင်များ၊ သံအမတ်ကြီးများနှင့် သံတမန်များ၊
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ
အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ
ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့မှ ဗဟိုအလုပ်အမှုဆောင်များနှင့် အမှုဆောင်များ၊ ကုန်စည်ဒိုင်များမှ
ကိုယ်စားလှယ်များ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တောင်သူလယ်သမား ကိုယ်စားလှယ်များ၊
ဖိတ်ကြား ထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာ့ဆန်စပါးသမိုင်းနှင့်
မြန်မာ့ဆန်စပါး ကဏ္ဍ၏ တိုးတက် ပြောင်းလဲမှု ဗွီဒီယိုဖိုင်ကို ပြသသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က
ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ထို့နောက် စပါးစိုက် တောင်သူလယ်သမားများ၏
အကျိုးစီးပွားမြှင့်တင် ဖော်ဆောင်ပေးနိုင်မည့် အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို ထုတ်ပြန်
ကြေညာသည်။
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ အောင်သူ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏
အကြံပေးအဖွဲ့ခေါင်းဆောင် ဦးတင်ထွဋ်ဦးက မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ အကြံပြုတင်ပြချက်များနှင့်
ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ
သံအမတ်ကြီး K.W.N.D Karunaratne က မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန်
၃၀၀ လှူဒါန်းပေးမှုနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်
ဥက္ကဋ္ဌ ဦးချစ်ခိုင်က နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး
မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေး နှီးနှောဖလှယ် ဆွေးနွေးပွဲ- ၂၀၁၈ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့်
ပြခန်းများကို လှည့်လည် ကြည့်ရှုသည်။
ဆွေးနွေးပွဲတွင် တောင်သူလယ်သမားများ၏
ထုတ်လုပ်နိုင်မှု စွမ်းအားနှင့် စပါး စိုက်တောင်သူများအတွက် အကျိုးအမြတ်ရရှိရေး ခေါင်းစဉ်နှင့်
စပ်လျဉ်း၍ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးစင်တာ ညွှန်ကြားရေးမှူး ဒေါက်တာ ဥမ္မာခိုင်၊
စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း၊ ပြည်သူ့လွှတ်တော်
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း၊ မြန်မာနိုင်ငံဆန်
ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ
ညွှန်ကြားရေးမှူး ဦးမျိုးသူနှင့် မျိုးစေ့ထုတ်လုပ်သူ ဦးစိုးလင်းထွန်းတို့က လည်းကောင်း၊
ဆန်စက်လုပ်ငန်း ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး၊ သိုလှောင်နိုင်မှု စွမ်းရည် တိုးမြှင့်ရေးနှင့်
အရည်အသွေး စံချိန်စံညွှန်းများ ကောင်းမွန်စေရေး ခေါင်းစဉ်နှင့် စပ်လျဉ်း၍ ဆန်စက်နည်းပညာ
ကျွမ်းကျင်ပညာရှင် ဒေါက်တာရဲအောင်၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးနိုင်ကြည်ဝင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကျော်၊
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်၊ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဝေရည်လင်းနှင့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း၏ အကြံပေး
Dr.Larry Wong တို့ကလည်းကောင်း၊ ရေရှည်တည်တံ့အောင်မြင်စေရေးအတွက် ဆန်းသစ် တီထွင်ဆောင်ရွက်ရန်
လိုအပ်မှုနှင့် ခေတ်ကာလနှင့်လျော်ညီစွာ ပြုပြင်ပြောင်း လဲရန် လိုအပ်မှုများအပေါ် ဆွေးနွေးခြင်း
ခေါင်းစဉ်နှင့် စပ်လျဉ်း၍ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွဋ်ဦး၊ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး
ဒေါက်တာထိန်လင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသောင်းဝင်းနှင့် မျိုးစေ့ထုတ်လုပ်သူ
ဦးဌေးရှိန် တို့ကလည်းကောင်း၊ ပို့ကုန်မြှင့်တင်ရေး၊ ဈေးကွက်များ ရေရှည်ရရှိစေရေး
ခေါင်းစဉ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်၊
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်၊
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးလူမော်မြင့်မောင်၊
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ
ပါမောက္ခဒေါက်တာသိင်္ဂီမြင့် တို့က လည်းကောင်း ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး
ဦးရဲမင်းအောင်တို့က မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးနှီးနှော ဖလှယ်ဆွေးနွေးပွဲ- ၂၀၁၈နှင့်
စပ်လျဉ်း၍ သတင်း စာရှင်းလင်းပွဲကျင်းပပြီး ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို
ရှင်းလင်း ဖြေကြားခဲ့ကြသည်။
(သတင်းစဉ်)



No comments:
Post a Comment