Tuesday, February 27, 2018

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို UNIDO Myanmar Regional Office မှ ကိုယ်စားလှယ် အဖွဲ့အား တွေ့ဆုံ


နေပြည်တော်  ဖေဖော်ဝါရီ ၂၇
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် UNIDO Myanmar Regional Office ၏ Director and Representative ဖြစ်သူ Mr. Stein R. Hansen ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ အား ယနေ့မွန်းလွဲ ၂ နာရီတွင်ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် စက်မှုကဏ္ဍနှင့် စပ်လျဉ်း၍ Waste Treatment Project, Safety Food Industry နှင့် Textile Project များကို UNIDO ၏ အထောက်အပံ့ဖြင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ Industrial Policy ချမှတ်နိုင်ရေးနှင့် SMEs များ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း စဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ Automobile Mechanic ဆိုင်ရာ Skillful Labour များ မွေးထုတ် ပေးနိုင်ရေး၊ Mobile Vocational Training များ လှည့်လည်ပို့ချရန် နည်းပညာနှင့် သင်ထောက်ကူ ပစ္စည်းအထောက်အပံ့များ ကူညီပံ့ပိုးပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။
 (သတင်းစဉ်)

No comments:

Post a Comment