Friday, February 9, 2018

ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းအား UNESCO ရန်ကုန်ရုံး အကြီးအကဲနှင့်အဖွဲ့ လာရောက် တွေ့ဆုံ


နေပြည်တော် ဖေဖော်ဝါရီ ၈
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းအား UNESCO ရန်ကုန်ရုံး အကြီးအကဲ ဖြစ်သူ Ms. Min Jeong Kim နှင့်အဖွဲ့သည် ယနေ့မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေး ၀န်ကြီးဌာန ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ့မီဒီယာ ဖွံဖြိုးတိုးတက်ရေး အကဲဖြတ်မှု အစီရင်ခံစာပါ အကြံပြုချက်များ အပေါ် သုံးသပ်ပေးရေး ကိစ္စရပ်များ၊ မြန်မာ့မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ပြန်ကြားရေး ၀န်ကြီးဌာနမှ ဦးစားပေး ဆောင်ရွက်မည့် နယ်ပယ်များ၊ သတင်း အချက်အလက် ရယူပိုင်ခွင့် ဥပဒေ (Right to Information Law) ရေးဆွဲနေမှု၊ ရခိုင်ပြည်နယ် သို့ သတင်း မီဒီယာအဖွဲ့များ စေလွှတ်နေမှု၊ မီဒီယာကျင့်ဝတ် မြှင့်တင်ရေးနှင့် မီဒီယာကို ကောင်းမွန်စွာ အသုံးချရေး ပညာပေး အစီအစဉ် (Media Information Literacy) များတွင် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment