Friday, February 23, 2018

UEHRD စီမံကိန်း လုပ်ငန်းများအတွက် အလှူငွေ ကျပ်သိန်း (၅၀၀၀) ပေးအပ်လှူဒါန်း


နေပြည်တော် ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး ပြည်ထောင်စုစီမံကိန်း (UEHRD)၏  လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံကျောက်မျက်ရတနာ
လုပ်ငန်းရှင် များအသင်းချုပ်ဥက္ကဌ၊ ဦးရုံးမူနှင့်အဖွဲ့မှ လှူဒါန်းငွေကျပ်သိန်း(၅၀၀၀)ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်ပေးအပ်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment