ဒီးမော့ဆို ဖေဖော်ဝါရီ ၉
ဒေသခံပြည်သူများ လုပ်ငန်းဆောင်ရွက်ရာတွင်
အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) မှ ဌာနဆိုင်ရာများ
ပူးပေါင်းပါဝင်သောအဖွဲ့သည် ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီအချိန်တွင် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်
ထီးဖိုးကလိုးကျေးရွာ၌ ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင်
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် ဦးစီးဌာန၊
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန၊ အခွန်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့်
မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်ပြီး ပြည်သူလူထုတို့၏ အခြေခံလိုအပ်ချက်များအား
ဖြည့်ဆည်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန်၊
လာဘ်ပေးလာဘ်ယူမှု၊ အဂိတိလိုက်စားမှုများကို တားမြစ်၍ ထိရောက်သော ဝန်ဆောင်မှု အလေ့အကျင့်များ
ပြုစုပျိုးထောင်ပေးနိုင်ရန်၊ ပြည်သူများက အစိုးရနှင့် ဌာနဆိုင်ရာဝန်ထမ်းများအပေါ် အားကိုးယုံကြည်မှု
တိုးပွားလာစေရန်၊ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် ဦးစီးဌာနများအလိုက် အပြန်အလှန်
ထိန်းကျောင်းမှုပြုနိုင်ရေး ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်သည်။
ဒါ့အပြင် ဌာနဆိုင်ရာများက
တက်ရောက်လာကြသော ဒေသခံပြည်သူများအား မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှု၊ မီးဘေးလုံခြုံရေး စသော
အသိပညာပေးလုပ်ငန်းများကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်

No comments:
Post a Comment