ဂန့်ဂေါ ဖေဖော်ဝါရီ ၉
ဂန့်ဂေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကကြီးမှူး၍
မွေးမြူရေးပညာ (ဆင့်ပွါး) သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီက ဂန့်ဂေါခရိုင်
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ ပြုလုပ်ရာ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး
ဒေါက်တာသိန်းဆွေနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လှိုင်တို့က အမှာစကား ပြောကြားကြပြီး
မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသန်းဝင်းက သင်တန်းဖွင့်လှစ်ခြင်းနှင့်
ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အဆိုပါ သင်တန်းတွင်
ဆိတ်မွေးမြူရေး၊ ဒေသနွားမွေးမြူရေး၊ ဝက်မွေးမြူရေး၊ တိရစ္ဆာန်များအား ရှေးဦး သူနာပြုစုခြင်း၊
နို့စားနွားမွေးမြူရေး၊ တိုင်းရင်းကြက်၊ ဥစားကြက်၊ အသားစားကြက်များ မွေးမြူရေး၊ အဟာရဗေဒ၊
ကာကွယ်ဆေး စသည့် ဘာသာရပ်များကို ၅ ရက်ကြာပို့ချဆွေးနွေးကြမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့
ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား ၃၀ ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်
No comments:
Post a Comment