နေပြည်တော် ဖေဖော်ဝါရီ ၁၄
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ
ဒေါက်တာဝင်းသိမ်းသည် စင်ကာပူနိုင်ငံသံအမတ်ကြီး H.E. Ms. Vanessa Chan Yuen Ying အား
ယနေ့မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်းအဝေးခန်းမ
(၁) ၌ လက်ခံ တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံစဉ်တွင်
ပြည်သူလူထု ပါဝင်ဆောင်ရွက်မှုကို အားပေးမြှင့်တင်ခြင်းနှင့် ပြည်သူလူထု၏ယုံကြည်မှုကို
ပိုမို အားကောင်းစေမည့် ကျင့်ဝတ်သိက္ခာနှင့်ညီသော အရည်အချင်းအလိုက် ချီးမြှင့်မြှောက်စားမှုကို
အခြေခံသော နိုင်ငံ့ ဝန်ထမ်းကဏ္ဍပေါ်ထွန်းလာစေရန်မျှော်မှန်း၍ မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း
ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၁၇-၂၀၂၀) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု
အခြေအနေများ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးနှင့် ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းများ၏
လုပ်ငန်းခွင်တွင် လုပ်ငန်းစွမ်းဆောင်ရည် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်
နိုင်ရန် ရည်ရွယ်ကာ လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများ ဖွင့်လှစ်ပေးမှုအခြေအနေများ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိ
ပြည်သူ့ဝန်ထမ်း အကယ်ဒမီများတွင် သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိမှု အခြေအနေ၊
နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ခြင်းနှင့် ပြန်လည် သုံးသပ်ခြင်း လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍
ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment