ရန်ကုန် ဖေဖော်ဝါရီ ၉
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနှင့်
ပတ်သက်၍ သေနတ်သမား ကြည်လင်းနှင့်အတူ ပါဝင်ပတ်သက်သူ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်း
ထွန်းတို့ကို ယနေ့နံနက် ၁ဝ နာရီက ရန်ကုန်မြောက်ပိုင်းခရိုင် အထူးတရားရုံးသို့ ရုံးထုတ်ခဲ့ပြီး
၎င်းတို့လေးဦးအပါအဝင် တရားခံပြေး အောင်ဝင်းခိုင်ကိုပါ စွဲချက်တင် အမိန့်ချမှတ်ခဲ့ကြောင်း
အဆိုပါတရားရုံးမှ သိရသည်။
ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးသတင်းနှင့်
ပြန်ကြားရေးအရာရှိ ဒုတိယ ခရိုင် တရားသူကြီး ဒေါ်စုစန္ဒာဝင်းက''ဒီကနေ့ မြောက်ပိုင်းခရိုင်တရားရုံး
တရားလို ရဲအုပ် မိုးနိုင်က ရာဇဝတ်ကြီးအမှုအမှတ် ၄၅/၂ဝ၁၇ တရားခံ ကြည်လင်း(ခေါ်) ဖိုးထူး
ပါ-၄ ရာဇသတ်ကြီး လူသတ်မှုဥပဒေပုဒ်မ ၃ဝ၂/၃၄/၂၁၂ အရစွဲဆိုမှုအပေါ် တရားခံကြည်လင်း(ခ)ဖိုးထူးအား
ရာဇသတ်ကြီး ပုဒ်မ၃ဝ၂(၁-ခ)/၃၄ နှင့် ရာဇသတ် ကြီးပုဒ်မ ၃ဝ၂(၂) အရ စွဲချက်တင်အမိန့်၊ အောင်ဝင်းဇော်နဲ့
ဇေယျာဖြိုးတို့ နှစ်ဦး ကိုတော့ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂(၁-ခ)/၃၄ အရစွဲချက်တင်အမိန့် ချမှတ်ခဲ့ပါ
တယ်၊ အောင်ဝင်းထွန်းကိုတော့ ရာဇသတ်ကြီးပုဒ်မ ၂၁၂ အရသာ စွဲချက်တင် အမိန့်ချမှတ်လိုက်ပါတယ်၊
ရာဇဝတ်ကြီး အမှုအမှတ် ၄၆/၂ဝ၁၇ တရားလို ဒုတိယရဲမှူး မြတ်ထွန်းကျော်၊ တရားခံ ကြည်လင်း(ခေါ်)ဖိုးထူး
ပါ-၂ ရာဇသတ်ကြီး လက်နက်များဥပဒေပုဒ်မ ၁၉(ဃ)၁၉(စ) အရ စွဲဆိုမှုမှာတော့ တရားခံ ကြည်လင်း
(ခ)ဖိုးထူးနဲ့ အောင်ဝင်းဇော်တို့နှစ်ဦးကို လက်နက်များဥပဒေပုဒ်မ ၁၉(ဃ)၁၉(စ) အရပဲ စွဲချက်တင်အမိန့်
အသီးသီးချမှတ်ခဲ့ပါတယ်။
''တရားလို ရဲအုပ် မိုးနိုင်က ရာဇဝတ်အထွေထွေအမှုအမှတ်
၂ဝ/၂ဝ၁၇ တရားခံ ပြေး အောင်ဝင်းခိုင်ကို ရာဇသတ်ကြီးပုဒ်မ ၃ဝ၂(၁-ခ)/၃၄ အရ ပြစ်မှုထင်ရှားရှိတဲ့
အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ(၈၇)ကြော်ငြာစာအရ တိုက်ဆင့်ပြီး ဖမ်းဆီး ခြင်း ရှိ၊
မရှိ ကြော်ငြာစာ ပြန်သွင်းဖို့အတွက် တစ်လ အချိန်ပေးသတ်မှတ်ခဲ့ပါ တယ်၊ တရားခံပြေး အောင်ဝင်းခိုင်ကို
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ(၈၈) အရ ဝရမ်းထုတ်စွဲချက်တင် အမိန့်ချမှတ်ခဲ့ပါတယ်၊ အောင်ဝင်းဇော်
ပိုင်ပစ္စည်းတွေကို ဝရမ်းကပ်မယ်၊ တွေ့ရှိတဲ့ နေရာစုံ ဖမ်းဝရမ်းပါ၊ တရားခံများ အခွင့်အရေးအရ
တရားရုံးကအပြစ် ရှိ၊ မရှိ မေးတဲ့အခါ အပြစ်မရှိကြောင်း ငြင်းတဲ့ အတွက် စစ်ဆေးပြီး လိုပြသက်သေ
၃၇ ဦး ပြန်ခေါ်ရပါမယ်၊ ပြန်ခေါ်သက်သေငါးဦး စစ်ဆေးဖို့အတွက် ဖေဖော်ဝါရီ ၁၆ ရက် သောကြာနေ့ကိုပဲ
ချိန်းဆိုထားပါတယ်''ဟု ရှင်းလင်းပြောကြား သည်။ မျိုးမင်းသိန်း(မရမ်းကုန်း)

No comments:
Post a Comment