Saturday, February 10, 2018

ဗိုလ်မြတ်ထွန်းတံတားတွင် အထောက်အထားမဲ့ ခိုးဝင်လာသူများ ဖမ်းဆီးရမိ

ညောင်တုန်း ဖေဖော်ဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်း မြို့နယ် ဗိုလ်မြတ်ထွန်းတံတားတိုးဂိတ် ၌ ဖေဖော်ဝါရီ ၈ ရက် ညနေ ၆ နာရီ ခွဲက အထောက်အထားမဲ့ ခိုးဝင်လာသူ ခုနစ်ဦး ဖမ်းဆီးရမိကြောင်း ညောင်တုန်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။


သတင်းအရ ညောင်တုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမင်းသိန်း ဦးစီးသော ပူးပေါင်းအဖွဲ့သည် ဗိုလ်မြတ်ထွန်းတံတား ရှိ တိုးဂိတ်တွင် ပုသိမ်ဘက်မှ ရန်ကုန်သို့ ယာဉ်မောင်း အောင်နိုင်ဦး (၄၉ နှစ်) (၁၃)ရပ်ကွက် ပုသိမ်မြို့နေသူ မောင်းနှင် လာသော8H/----- စူပါကာစတန်ယာဉ် အား ရှာဖွေစစ်ဆေးရာ အထောက် အထားမဲ့ ခိုးဝင်လာသူခုနစ်ဦး ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ¤င်းတို့ အား ဝါးကုန်းကျေးရွာ မင်းတုန်းမြို့နယ် နေသူ မောင်ဟင်း (၃ဝ နှစ်) က ခေါ် ဆောင်လာပြီး မကွေးတိုင်းပဒါန်းလမ်းခွဲ မှ ပုသိမ်သို့ လည်းကောင်း၊ ထို့နောက် ပုသိမ်မှ ရန်ကုန်သို့ ကားငှား၍ လည်း ကောင်း ခေါ်ဆောင်လာခြင်းဖြစ် ကြောင်း ရဲမှူး စိုးမင်းသိန်းက ပြောပြ သည်။ ယခုကဲ့သို့ ညောင်တုန်းမြို့နယ်တွင် အထောက်အထားမဲ့ ခိုးဝင်လာသူများ ဖမ်းဆီးရမိမှုမှာ တစ်လအတွင်း ဒုတိယ အကြိမ်ဖြစ်၍ ဖေဖော်ဝါရီ ၃ ရက်က လည်း ကုန်ကားပေါ်မှ အထောက်အထား မဲ့ ခိုးဝင်လာသူ ၂၁ ဦး ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း အောင်နိုင်ဦး၊ မောင်ဟင်း နှင့် ဖမ်းဆီးရမိသူများအား ညောင်တုန်း မြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment