Tuesday, February 6, 2018

ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး




ပွင့်ဖြူ   ဖေဖော်ဝါရီ  
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရာ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ဖေဖော်ဝါရီ ၆ ရက်၊ ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာ ဓမ္မာရုံသို့ သွားရောက်ပြီး ဒေသခံ ကျေးလက်နေပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကျေးလက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးရာတွင် ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးဇော်ရာက ဒေသခံကျေးလက်နေပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရမည့် နည်းစနစ်များကို ပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်ဦးစီးမှူး ဦးဆောင်သော တိုက်နယ်မှူး ဦးမျိုးမြင့်အောင်နှင့် ဝန်ထမ်းများအဖွဲ့က ကျောင်းကုန်းကြီးကျေးရွာ ဒေသခံ ကျေးလက်နေပြည်သူ ကျား(၂၀)ဦး၊ မ(၃၉)ဦး ၊ စုစုပေါင်း(၅၉)ဦး အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။ ထို့အပြင် ယခုကဲ့သို့ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခြင်း လုပ်ငန်းကို ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရာ ဦးဆောင်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့နယ်အတွင်းရှိ ကျေးရွာများအား စဉ်ဆက်မပြတ် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရာ၏ ပြောကြားချက်အရ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)

No comments:

Post a Comment