နေပြည်တော် ဖေဖော်ဝါရီ ၅
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ မကွေး တိုင်းဒေသကြီး
သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်နှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ချောက်ရေနံ မြေသို့
ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများမှ ချောက်ရေနံမြေ၏ လုပ်ငန်း ဆောင်ရွက်နေမှု
အခြေအနေ များအား ရှင်းလင်းတင်ပြပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးမှ
ဖြည့်စွက်ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များ မှာကြားသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချောက်ရေနံမြေတွင်း၊ ရေနံတိုးတက်ထုတ်လုပ် နိုင်သော
တွင်းသစ်အမှတ်(၁၂၀၃)သို့ ရောက်ရှိစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်း ရာတွင် အဆိုပါ
တွင်းအမှတ် (၁၂၀၃) ကို ZJ 450 တွင်းတူးစက်ဖြင့် တူးဖော်ခဲ့ရာ ၁၁-၉-၂၀၁၇ ရက်နေ့တွင်
လျာထားအနက် ၃၄၈၅ ပေ အထိ ရောက်ရှိတူးဖော်ခဲ့သည်။ ၄င်းတွင်း၏ ရေနံ ခိုအောင်းနေသော သဲကြောများကို
သေနတ်ဖောက်စမ်းသပ်ခဲ့ရာ ကနဦးရေနံထုတ်လုပ်မှု ရေနံ ၆၀ စည်အထိရရှိခဲ့ပြီး ယခုအခါ တစ်နေ့လျှင်
ရေနံ ၄၇ စည် ထုတ်လုပ်ပေးလျက်ရှိမှုကို တင်ပြမှုအပေါ် ပြည်ထောင်စု ဝန်ကြီးမှ သိလိုသည်များအား
မေးမြန်းဆွေးနွေးခဲ့ပြီး၊ တွင်းအမှတ် (၁၂၀၃) မှ ရေနံစိမ်း ထုတ်လုပ် နေမှုအခြေအနေကို
ကြည့်ရှုစစ်ဆေးခဲ့ကာ ဝန်ထမ်းများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီး မြှင့်သည်။
ထို့နောက်
ချောက်ရေနံမြေ၊ စက်မှုအလုပ်ရုံ သင်တန်းကျောင်း (ယခင်ဦးပုကျောင်း) သို့ရောက်ရှိပြီး၊
ဘူမိဓာတုဗေဒ ဓာတ်ခွဲခန်းလုပ်ငန်းနှင့် လေ့ကျင့်သင်ကြားရေး ဆောင်ရွက်နေမှု အခြေအနေများကို
လည်းကောင်း၊ သင်တန်းခန်းမအတွင်း ဘူမိရူပဗေဒ နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး
အတွက် သင်ကြားပို့ချနေသော သင်တန်းအခြေအနေ တို့ကို
ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် သင်တန်းဆောင်၊ ချောက်ရေနံမြေ စက်မှုအလုပ်ရုံ၊ သင်တန်းခန်းမ(၂)နှင့်
သင်တန်းသားအိပ်ဆောင် ဖွင့်လှစ်ရန် လျာထားဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက်
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ် (၂) ရေနံချက်စက်ရုံ (ချောက်) သို့ ရောက်ရှိပြီး
စက်ရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍
ချောက်ရေနံမြေဆေးရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ ဆေးရုံ၏ လုပ်ငန်း လည်ပတ်ဆောင်ရွက်
နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဆေးရုံအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
ထို့နောက်
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ချောက်ရေနံမြေ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့
အရောင်းဆိုင်သို့ရောက်ရှိပြီး တာဝန်ရှိသူများမှ ချောက်မော်တော်ယာဉ်သုံး သဘာဝ ဓာတ်ငွေ့
(CNG) အရောင်းဆိုင်မှ ဖိအား (၁၈၀၀) PSI ခန့် ထည့်သွင်းအသုံးပြုနိုင်သော မူလ
Compressor စက် (၂) လုံးဖြင့် ရောင်းချလျက်ရှိရာမှ ယခုအခါ ဖိအား(၂၈၀၀) PSI ထည့်သွင်း အသုံးပြုနိုင်သော စက်အသစ် (၂) လုံးဖြင့်
ဌာနဆိုင်ရာ (CNG) သုံး မော်တော်ယာဉ် (၇၉) စီး၊ ပုဂ္ဂလိကယာဉ်လိုင်းများမှ (CNG) သုံး
မော်တော်ယာဉ် (၂၆၀) စီးနှင့် ရန်ကုန်၊ မန္တလေး၊ ကျောက်ဆည်၊ ရေနံချောင်းတို့မှ ခရီးသွား
(CNG) သုံး မော်တော်ယာဉ်များအား မော်တော်ယာဉ်သုံး သဘာဝ ဓာတ်ငွေ့ ရောင်းချပေးလျက်ရှိပြီး
တစ်နေ့ ပျမ်းမျှ ကုဗပေသန်းပေါင်း (၀ ဒသမ ၁) သန်းခန့် ရောင်းချပေး မှုအခြေ အနေနှင့် မော်တော်ယာဉ်သုံး
သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးရောင်းချပေးနေမှု အခြေ အနေအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက
လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ပြီး၊ အရောင်းဆိုင် အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍
လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန၊ ချောက်ပင်မ ဓာတ်အားခွဲရုံ သို့ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် ဓာတ်အားခွဲရုံမှူးမှ ဓာတ်အား
လက်ခံ၊ ပို့လွှတ်၊ ဖြန့်ဖြူး ပေးနေမှု အခြေအနေများ အားလည်းကောင်း၊ မဟာဓာတ်အား လိုင်းမှူး(ချောက်)မှ
ဓာတ်အားလိုင်း များထိန်းသိမ်း ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြရာ
ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းလိုအပ်ချက် များအား မှာကြားသည်။
ထို့နောက်
စလေဓာတ်မြေသြဇာစက်ရုံသို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမတွင် စလေ ဓာတ်မြေသြဇာ စက်ရုံနှင့်
ကျွန်းချောင်း ဓာတ်မြေသြဇာစက်ရုံများမှ စက်ရုံမှူးများနှင့် စက်ရုံများမှ တာဝန်ရှိသူများအားတွေ့ဆုံ၍
စလေဓာတ် မြေသြဇာ စက်ရုံအတွင်း လှည့်လည် ကြည့်ရှု့ စစ်ဆေး သည်။
ဖေဖော်ဝါရီ
၎ ရက်၊ မွန်းလွဲပိုင်းတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း
ဆောင်ရွက်နေ သည့် Eni Myanmar ကုမ္ပဏီ၏ ကုန်းတွင်းလုပ်ကွက်အမှတ် RSF-5 ရှိ Seismic တိုင်းတာရေး
အခြေစိုက်စခန်း အတွင်းရှိ Seismic တိုင်းတာရေး လုပ်ငန်းသုံးပစ္စည်းများအား လေ့လာကြည့်ရှုခဲ့ကြပြီး
စီမံကိန်း ရှင်းလင်းဆောင်တွင် Eni Myanmar ကုမ္ပဏီမှ Managing Director , Mr.
Stefano Carbonara မှ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ
ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့မှ သိရှိလိုသည်များကို ပြန်လည်မေးမြန်း
ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment