Friday, February 9, 2018

မြန်မာနိုင်ငံကင်းထောက်အဖွဲ့ နိုင်ငံတွင်း ငြိမ်းချမ်းရေးသံတမန်ညှိနှိုင်းရေးမှူး သင်တန်းလက်တွေ့ကွင်းဆင်းလှုပ်ရှားမှု ဖွင့်ပွဲကျင်းပ


ရန်ကုန် ဖေဖော်ဝါရီ  ၉
မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်နှင့် ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ် အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ နိုင်ငံတွင်း ငြိမ်းချမ်းရေးသံတမန် ညှိနှိုင်းရေးမှူးသင်တန်း “Myanmar MoP Local Coordinators Training” ၏ လက်တွေ့ကွင်းဆင်း လှုပ်ရှားမှုဖွင့်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ရန်ကုန်မြို့ တက္ကသိုလ်များစိန်ရတုခန်းမတွင် ကျင်းပသည်။

ယင်းဖွင့်ပွဲတွင် မြန်မာနိုင်ငံကင်းထောက် အဖွဲ့ချုပ် ကင်းထောက်ချုပ် (Chief Commissioner) ဒေါက်တာတင်ညိုက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး အာရှနှင့် ပစိဖိတ်ဒေသကင်းထောက်ကော်မတီဥက္ကဋ္ဌ Mr. Paul Parkinson၊ ကော်မတီဝင် ထိုင်းနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှ Dr.Somboon Bunyasiri တို့က အမှာစကားပြောကြားကာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ နိုင်ငံတွင်း ငြိမ်းချမ်းရေး သံတမန်ညှိနှိုင်းရေးမှူး ကိုစကျော်ညီညီဇင် ကသင်တန်းနှင့် ပတ်သက်သည် များကို ရှင်းလင်းပြောကြားသည်။
၎င်းနောက် တက္ကသိုလ်အသီးသီးမှ တက်ရောက်လာကြသည့် ကင်းထောက် မောင်မယ်များ၊ ကျောင်းသူကျောင်းသား များအား အဖွဲ့(၃)ဖွဲ့ခွဲကာ အာရှပစိဖိတ် ကင်းထောက် အဖွဲ့မှ တာဝန်ရှိသူများနှင့် သင်တန်းသားများပူးပေါင်းကာ ငြိမ်းချမ်း ရေး လုပ်ငန်းလုပ်ရှားမှု အစီစဉ်များကို လက်တွေ့လေ့ကျင့်သင်ကြား ဆွေးနွေးကြသည်။
ထို့နောက် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် ကင်းထောက်ချုပ် ဒေါက်တာတင်ညိုနှင့် ကော်မတီဝင်များ၊ ကင်းထောက် ကြီးများနှင့် အာရှနှင့်ပစိဖိတ်ဒေသ ကင်းထောက် ကော်မတီဥက္ကဋ္ဌ Mr. Paul Parkinson၊ ကော်မတီဝင်များ ဂုဏ်ပြု အမှတ်တရပစ္စည်းအပြန်အလှန် ပေးအပ်ကြကာမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်

No comments:

Post a Comment