ရန်ကုန်
ဇန်နဝါရီ ၂၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ပြည်သူ့စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ (Book Review) ပြုလုပ်မှု၊ ဝယ်ယူမှု
အခြေအနေများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀နာရီတွင်
ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ကျင်းပရာ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့် တက်ရောက်သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊
ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးများရှိ ပြည်သူ့စာကြည့်တိုက်များအတွက်
စာအုပ်များဖြည့်ဆည်းပေးနိုင်ရေး လမ်းညွှန် ချက်နှင့် Booking Review ပြုလုပ်မှု၊ ဝယ်ယူမှုအခြေအနေများ၊
လုပ်ငန်းတာဝန်များ ဆောင်ရွက်ထားရှိမှု နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ
စာကြည့် တိုက်များ ကို Communtiy Center များ Community Library များဖြစ်အောင် ပြောင်းလဲလျက်ရှိရာ
စာကြည့်တိုက်များ စာအုပ်ဝယ်ယူရာတွင် ဂန္တဝင်မြောက်စာပေများသာမက လာရောက်ဖတ်ရှုသူများ
စိတ်ဝင်စားသည့် စာပေများကိုလည်း ထားရှိရေး၊ စာဖတ်သည့်အခါ စာအုပ်တစ်အုပ်ကို နက်နက်ရှိုင်းရှိုင်း
ခွဲခြမ်းစိတ်ဖြာ သုံးသပ်ဝေဖန် ဖတ်ရှုမှတ်သားသည့် အလေ့အထ ထွန်းကားရေးအတွက် အမြို့မြို့အနယ်နယ်ရှိ
စာကြည့်တိုက်များတွင် စာဖတ် ၀ိုင်း Book Club များ စတင်ဖွဲ့စည်းလျက်ရှိမှု၊ Book Club များ ဖွဲ့၍ ဆွေးနွေးရာတွင် ရှုထောင့်အစုံ ကဏ္ဍအလိုက် ခေါင်းစဉ်များခွဲ၍ဆွေးနွေးနိုင်ရေး၊ ပို၍စည်ကားစေရန်
ဒေသခံထင်ရှားသည့် စာရေးဆရာများ၊ ကဗျာဆရာများ
၊စာပေပညာရှင်များနှင့် အတွေ့အကြုံရှိ ပုဂ္ဂိုလ်များကို
ဖိတ်ခေါ်ဆွေးနွေးကာ ၎င်းတို့၏ စာပေနှင့် ဆိုင်ရာ ဗဟုသုတ များ မျှဝေစေခြင်း အစီအစဉ်များ
လုပ်ဆောင်ခြင်းဖြင့် ပြည်သူလူထု က Book Club များကို ပိုမိုစိတ်ဝင် စားလာမည်ဖြစ်ကြောင်း၊
သို့ဖြစ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှိတာဝန်ရှိသူများက နိုင်ငံတကာ
ရှိ Book Club များ၏ အချက်အလက်များကို စုဆောင်းရှာဖွေပြုစုနိုင်ရေးဆွေးနွေးမှာ ကြားသည်။
ထို့နောက် တက်ရောက်လာသည့်တာဝန်ရှိသူများက
ကဏ္ဍအလိုက် ၀ိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြခဲ့ကြ ကြောင်းသိရသည်။

No comments:
Post a Comment